ဘရာဇီး တိုက်စစ်မှူး နေမာဟာ အခုနှစ်နွေရာသီအပြောင်းအရွှေ့မှာပဲ ပီအက်စ်ဂျီကနေ ထွက်ခွာခွင့် တောင်းဆိုထားတယ်လို့ ပြင်သစ်သတင်းစာ L’Equipe က ရေးသားဖော်ပြပါတယ်။
ဘရာဇီးတိုက်စစ်မှူးဟာ ပီအက်စ်ဂျီ အသင်းမှာ မပျော်မရွှင်ဖြစ်နေပြီး အသင်းဟောင်း ဘာစီလိုနာအသင်းဆီကို ပြန်လည်ပြောင်းရွှေ့ချင်နေတယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။
ပြီးခဲ့တဲ့မေလအတွင်းက နေမာကို အသင်းကနေထွက်ခွါဖို့ ပီအက်စ်ဂျီအသင်း ပရိသတ်အုပ်စုငယ် တစ်ခုက နေမာရဲ့နေအိမ်ရှေ့အထိ လာရောက် တောင်းဆိုခဲ့ကြဖူး ပါတယ်။
ပီအက်စ်ဂျီအသင်းဘက်ကတော့ ကစားသမားအပေါ်မှာ အပြည့်အဝထောက်ခံပေးထားပြီ ဆန္ဒပြ တဲ့ ပရိသတ်တချို့ကို ဝေဖန်တဲ့စာထုတ်ပြန်ခဲ့ပါတယ်။
အသက် ၃၁ နှစ်ရှိ နေမာဟာ ၂၀၁၇ ခုနှစ်က ဘာစီလိုနာကနေ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာသူဖြစ်ပါတယ်။