Home
အားကစား
ဒဏ်ရာရ ဩစတြေးလျအမျိုးသမီးဘောလုံးအသင်းခေါင်းဆောင် လေ့ကျင့်ခန်းပြန်ဆင်း
DVB
·
August 7, 2023

ဩစတြေးလျအမျိုးသမီးဘောလုံးအသင်း ခေါင်းဆောင် ဆမ်ကားဟာ ဒီကနေ့ တနင်္လာနေ့မှာ ကစားမယ့် ဒိန်းမတ်နဲ့ ရှုံးထွက် ပွဲစဉ်မတိုင်ခင် လေ့ကျင့်ရေးကွင်းမှာ ပြန်လည်ပူးပေါင်းပါဝင်လာပါတယ်။

ဩစတေးလျအသင်းအတွက် သွင်းဂိုးအများဆုံး ကစားသမားဖြစ်တဲ့ ကားဟာ ၆၃ ဂိုးသွင်းယူထားပြီး ဒီကမ္ဘာဖလား အုပ်စုအဖွင့်ပွဲစဉ်ဖြစ်တဲ့ အိုင်ယာလန်အသင်းနဲ့ပွဲစဉ်မှာ ဘယ်ဘက် ခြေသလုံးကြွက်သား ဒဏ်ရာရရှိခဲ့ပါတယ်။

စနေနေ့က ဩစတြေးလျ ရုပ်သံနဲ့ အင်တာဗျူးတစ်ခုမှာ သူ့အနေနဲ့ ဒိန်းမတ်အသင်းနဲ့ ပွဲစဉ်မှာ ပါဝင် ကစားသွားမှာလို့ ပြောဆိုထားပါတယ်။

နည်းပြဖြစ်သူလည်း တိုက်စစ်မှူးဟာ ပွဲစဉ်တစ်စိတ်တပိုင်းကို ပါဝင်ကစားသွားမယ်လို့ အရိပ်အမြွက်ပြောထားပြီး သူ့အခြေအနေပေါ်မူတည်ကာ နောက်ဆုံးအချိန်ကျမှ ဆုံးဖြတ်သွားဖို့ ရှိနေပါတယ်။

ဩစတြေးလျ အမျိုးသမီးအသင်းဟာ အဓိက တိုက်စစ်မှူး ကားမပါဘဲ အုပ်စုဘီမှာ အိုလံပစ်ချန်ပီယံ ကနေဒါအသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ရှုံးထွက်အဆင့်ကို ရောက်ရှိလာခဲ့တာပါ။

ဩစတြေးလျားအသင်းဟာ ၂၀၀၇ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အထိ ရောက်ရှိခဲ့ပြီး ဒိန်းမတ်အသင်းကို အနိုင်ရရှိအောင် ကစားနိုင်မယ်လို့ ယုံကြည်ထားပါတယ်။

ဒီပွဲစဉ်အပြီးမှာ အနိုင်ရတဲ့အသင်းက ပြင်သစ် ဒါမှမဟုတ် မိုရိုကိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024