ချဲလ်ဆီးအသင်းဟာ ပြင်သစ်ခံစစ်ကစားသမား အေ့စ်စဲဒီဆာဆီကို လီဂူးဝမ်း ကလပ် မိုနာကိုအသင်းဆီကနေ ခေါ်ယူနိုင်ဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ ဗြိတိသျှမီဒီယာတွေက ဇူလိုင် ၃၀ ရက်မှာ ဖော်ပြပါတယ်။
အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ ပေါင် ၄၅ သန်းနဲ့ စတမ်းဖို့ဘရစ်ကို ပြောင်းရွှေ့ဖို့ စီစဉ်နေပြီး ဒဏ်ရာရထားတဲ့ ဝက်စလေ ဖိုဖာနာ နေရာအတွက် နောက်ထပ် ရွေးချယ်စရာတခုလည်း ဖြစ်ပါတယ်။
ဒီဆာဆီဟာ ဗဟိုခံစစ်နေရာအတွက် သီယာဂိုဆေးဗား၊ ထရီဗို့ ချာလိုဘာ၊ လီဗီကိုးလ်ဝဲတို့နဲ့ ယှဉ်ပြိုင်ရဖို့ရှိနေပြီး နောက်ထပ် ကစားသမားတဦးဖြစ်တဲ့ ဘတ်ဒီအာရှီးလ်ဟာလည်း ဒီနှစ်ရာသီ အစောပိုင်းက ရထားတဲ့ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာလို့ ကစားနိုင်ဖို့ ပြင်ဆင်ထားပါတယ်။
ဖိုဖာနာကတော့ ဇူလိုင်လအတွင်း ဒဏ်ရာခွဲစိတ်ကုသပြီးနောက် ရာသီအတော်ကြာ လွဲချော်နိုင်ခြေ ရှိနေပါတယ်။
ဒီဆာဆီဟာ ၂၀၂၂ ခုနှစ် ကာတာကမ္ဘာ့ဖလားမှာ ပြင်သစ်အသင်းနဲ့အတူ လေးပွဲ ပွဲထွက်ကစားခွင့် ရရှိထားပြီး အုပ်စုအဆင့်မှာ တူနီးရှားအသင်းကို တဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ပွဲဦးထွက် ပါဝင်ကစားခွင့် ရရှိခဲ့တာပါ။
ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက အဆင့် ၁၂ နေရာ ရရှိခဲ့ပြီးတဲ့နောက် နည်းပြသစ် ပိုချက်တီနို လက်ထက်မှာ ပြန်လည်အသက်သွင်းဖို့ ကြိုးစားနေပါတယ်။
Source-Reuters