ဟယ်ရီကိန်းရဲ့ဆန္ဒကို လေးစားမှုရှိရမယ်လို့ အသင်းဖော်ဆွန်ဟောင်မင်က ပြောကြားလိုက်ပါတယ်။
စပါးအသင်းဟာ ရာသီကြိုခြေစမ်းပွဲကစားဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရောက်ရှိနေချိန် ဟယ်ရီကိန်းရဲ့အပြောင်းအရွှေ့သတင်းတွေနဲ့ ပတ်သက်ပြီး ဆွန်ဟောင်မင်က မှတ်ချက်ပေးခဲ့ တာပါ။
ဟယ်ရီကိန်းဟာ အလွန်နှစ်သက်စရာကောင်းတဲ့အသင်းဖော်ဖြစ်ပြီး အလုပ်အမြဲကြိုးစားသလို ပရော်ဖက်ရှင်နယ်ပီသသူလည်း ဖြစ်ကြောင်း၊ အပြောင်းအရွှေ့ဘယ်လိုဖြစ်မလဲဆိုတာ မသိနိုင်ပေမဲ့ ဟယ်ရီကိန်းရဲ့ ဆန္ဒကိုလေးစားမူရှိရမှာဖြစ်ကြောင်း ဆွန်ဟောင်မင်က ပြောသွားခဲ့တာပါ။
ဆွန်ဟောင်မင်က“အဓိက ဆုံးဖြတ်ချက်က အသင်းနဲ့ ဟယ်ရီတို့ကပဲဆုံးဖြတ်ပါလိမ့်မယ်။ ကျနော်တို့ကတော့ အဲဒီကနေ ထွက်ပေါ်လာတဲ့အဖြေအပေါ်လေးစားမှုထားသွားရမှာပါ။ ဟယ်ရီအနေနဲ့လည်း ဘယ်လိုဖြစ်လာ မလဲဆိုတော့ မသိလောက်ပါဘူး။ ဆက်ပြီးစောင့်ကြည့်ရုံပဲရှိပါတယ်” လို့ ပြောပါတယ်။
အင်္ဂလန်နဲ့ စပါးအသင်းခေါင်းဆောင် ဟယ်ရီကိန်းကို ဘိုင်ယန်မြူးနစ်က တတိယအကြိမ် ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။