Home
အားကစား
မော်ရိုကိုအမျိုးသမီးအသင်းတွင် လိင်တူချစ်သူရှိ၊ မရှိမေးမြန်းမှု  ဖီဖာတားမြစ်
DVB
·
July 25, 2023

မော်ရိုကိုအမျိုးသမီးဘောလုံးအသင်းသူတွေထဲမှာ လိင်တူချစ်သူရှိလားဆိုတဲ့မေးခွန်းကို မမေးမြန်းဖို့  ဖီဖာမီဒီယာက သတင်းထောက်တွေကို တားမြစ်လိုက်ပါတယ်။

အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတွေမှာ အိမ်ရှင်အဖြစ် ပူးတွဲကျင်းပနေတာပါ။ မော်ရိုကိုနိုင်ငံဟာ အာဖရိကမြောက်ပိုင်းမှာတည်ရှိပြီး အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ်ဝင်ပြိုင်ခွင့်ရရှိတဲ့ အာရပ်နိုင်ငံဖြစ်ပါတယ်။

မော်ရိုကိုမှာ လိင်တူချစ်သူများအခွင့် အရေးကို ပိတ်ပင်ထားပြီး လိင်တူဆက်ဆံမှုပြုလုပ်မယ်ဆိုရင် ထောင်ဒဏ် သုံးနှစ် အထိချမှတ် ခံရနိုင်တာပါ။

သတင်းစာရှင်းလင်းပွဲမှာ မော်ရိုကို အသင်းခေါင်းဆောင် ဂီဇလန်ချက်ဘက်ခ် တက်ရောက်ခဲ့ပြီး မော်ရိုကိုအသင်းမှာ လိင်တူချစ်သူ ကစားသမားရှိ၊မရှိ  ဘီဘီစီ သတင်းထောက်က မေးမြန်းခဲ့တာပါ။

အဲဒီမေးခွန်းကို မမေးဖို့ ဖီဖာရဲ့ မီဒီယာအရာရှိက ချက်ခြင်းပိတ်ပင် သွားခဲ့ပြီး သင့်တော်တဲ့မေးခွန်းမဟုတ်တဲ့အပြင် ကစားသမားဖြစ်သူတွေအပေါ် အန္တရာယ်ရှိနိုင်တာကြောင့် ဖြစ်ကြောင်း The Athletic ကဖော်ပြပါတယ်။

မော်ရိုကိုအသင်းမှာ နောက်ခံလူ ဘင်ဇီနာက လက်ကျန်ပွဲစဉ်တွေမှာပါဝင်ကစားခွင့်ရမယ်ဆိုရင် ကမ္ဘာ့ဖလားမှာ ဦးခေါင်းခြုံပုဝါ ဝတ်ဆင်ကစားတဲ့ ပထမဆုံးကစားသမားဖြစ်လာမှာဖြစ်ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024