မန်ချက်စတာယူနိုက်တက်အသင်းမှာ စံပြအတုယူစရာ ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်ချင်တယ်လို့ ကွင်းလယ်လူ ကတ်စမီရိုက ပြောပါတယ်။
ဘရာဇီးမီဒီယာတစ်ခုနဲ့ အင်တာဗျူးအစီအစဉ်မှာ မန်ယူအသင်းနဲ့ ရည်မှန်းချက်နဲ့ ပတ်သက်ပြီး ကတ်စမီရိုက မှတ်ချက်ပေးရာမှာ စံပြအတုယူစရာခေါင်းဆောင်ကောင်းဖြစ်ချင်ပြီး ထိပ်တန်းအဆင့် ပြန်လည်ရောက်ရှိအောင်လည်း တွန်းတင်ပေးသွားချင်ကြောင်း ပြောခဲ့တာပါ။
ကတ်စမီရိုက “အသင်းခေါင်းဆောင်လက်ပတ်က အမှတ်သင်္ကေတတစ်ခုထက် အများကြီးပိုပါတယ်။ ကွင်းထဲမှာ တစ်ခုခုဖြစ်လာရင် ကစားသမားတွေအနေနဲ့ ဒိုင်လူကြီးကိုပြောပြဖို့ ကိုယ့်အ သင်းသားတွေကို ပြောပြဖို့ တာဝန်ရှိပါတယ်။ ကျနော့်အနေနဲ့ အဒီလို စံပြအတုယူစရာခေါင်းဆောင်ဖြစ်ချင်ပါတယ်”လို့ ပြောပါတယ်။
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဖိအားအများဆုံးရှိတဲ့ လိဂ်ပြိုင်ပွဲဖြစ်သလို မန်ချက်စတာမြို့ဟာလည်း နေထိုင်ဖို့ ခက်ခဲတဲ့မြို့ဖြစ်ပေမဲ့ အရာအားလုံးအဆင်ပြေနေပြီလို့လည်း ကတ်စမီရိုကပြောသွားပါတယ်။