Home
အားကစား
ဂျရတ် ဆော်ဒီလိဂ်ဆီပြောင်းရွှေ့ခဲ့သည့်အပေါ် နှုတ်ဆိတ်နေသည့် ကာရေဂါကို ဖာဒီနန် ဝေဖန်
DVB
·
July 8, 2023

နည်းပြစတီဗင်ဂျရတ် ဆော်ဒီလိဂ်ဆီပြောင်းရွှေ့သွားတဲ့အပေါ် နှုတ်ဆိတ်နေတဲ့ ကာရေဂါကို အင်္ဂလန် နောက်ခံလူဖာဒီနန်က အပြင်းအထန် ဝေဖန်လိုက်ပါတယ်။

လီဗာပူးဂန္ထဝင်ကွင်းလယ်လူ ဂျရတ်ဟာ  ဆော်ဒီကလပ် အယ်လ်အစ်တီဖက် အသင်းရဲ့ ကမ်းလှမ်းချက်ကို လက်ခံပြီး နည်းပြချုပ်အဖြစ် တာဝန်ယူဖို့ ဆုံးဖြတ်ခဲ့တာပါ။

အလားတူ လီဗာပူး ဂန္ထဝင်တိုက်စစ်မှူးတစ်ဦးဖြစ်သူ ရော်ဘီဖောင်လာဟာလည်း ဆော်ဒီဒုတိယတန်ကလပ် အယ်လ်ကော့ဆီယက်ချ် အသင်းကို တာဝန်ယူဖို့ လက်ခံခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်းမှာ နာမည်ကြီးကစားသမားတွေကို ဆော်ဒီလိဂ်က ဆက်တိုက် ခေါ်ယူနေတဲ့အပေါ် အမြန်ဆုံးစုံစမ်းစစ်ဆေးပေးဖို့ ကာရေဂါက တိုက်တွန်းခဲ့ဖူးတာပါ။

ဂျရတ်နဲ့ ရော်ဘီဖောင်လာတို့ဟာလည်း ဆော်ဒီလိဂ်ဆီပြောင်းရွှေ့သွားချိန်မှာတော့ အရင်ကလို ဝေဖန်မှုမလုပ်တော့ဘဲ နှုတ်ဆက်နေတဲ့အပေါ် မယုံနိုင်လောက်အောင်ဖြစ်မိပြီး ကြောင်သူတော်တစ်ဦးဖြစ်ကြောင်း ဖာဒီနန်က ဝေဖန်ပါတယ်။

ကာရေဂါဘက်ကတော့ ဆော်ဒီဘောလုံးအပေါ် အားမပေးကြောင်း မှတ်ချက်ပေးခဲ့ပြီး ကာတာကမ္ဘာ့ဖလားတုန်းက ဖာဒီနန်က အားပေးအားမြှောက်လုပ်ကာရုပ်သံတင်ဆက်သူလုပ်ခဲ့တာ ကို ပြန်လည်ဝေဖန်သွားခဲ့ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024