Home
အားကစား
ချဲလ်ဆီးကစားသမားလော့တပ်ဖ်ချိကို အေစီမီလန်ခေါ်ယူ
DVB
·
July 2, 2023

စီးရီးအေထိပ်သီးကလပ် အေစီမီလန်အသင်းဟာ ချဲလ်ဆီးကစားသမား ရူဘင်လော့တပ်ဖ်ချိကို ခေါ်ယူနိုင်ခဲ့ပြီလို့  ဇွန် ၃၀ ရက်မှာ တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အေစီမီလန်အသင်းဟာ လော့တပ်ဖ်ချိအတွက် ချဲလ်ဆီးအသင်းကို ပေါင် ၁၆သန်း နဲ့ အပိုဆုကြေး၄ သန်း ပေးဆောင်ရမှာဖြစ်ပြီး ၄ နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

"ကျနော့်ဘဝတစ်လျှောက်လုံး ကူညီပေးခဲ့တဲ့ချဲလ်ဆီးအသင်းနဲ့ ဆက်စပ်သူအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျနော့်အတွက် နိုင်ငံသစ်မှာ နေထိုင်ဖို့နဲ့ ယဥ်ကျေးမှုအသစ်ကို ခံစား ဖို့အချိန်တန်ပါပြီး" လို့ ရူဘင်လော့တပ်ဖ်ချိက ပြောပါတယ်။

အသက် ၂၇ နှစ်အရွယ်လော့တပ်ဖ်ချိဟာ ချဲလ်ဆီးအကယ်ဒမီသို့ ၈ နှစ်သားအရွယ်ထဲက ရောက်ရှိခဲ့ပြီး ၂၀၁၄ ခုနှစ်မှာပရော်ဖက်ရှင်နယ်ပွဲ ထွက်ခွင့်ရရှိခဲ့ပါတယ်။

လော့တပ်ဖ်ချိဟာ ချဲလ်ဆီးအသင်းမှာ ပွဲပေါင်း ၁၅၅ ပွဲ ကစားခဲ့ပြီး ၁၃ ဂိုးသွင်းယူကာ ပရီးမီးယားလိဂ် ဖလား၂ ကြိမ်၊ ကလပ်ကမ္ဘာ့ဖလား ၁ ကြိမ်၊ ဥရောပစူပါဖလား ၁ ကြိမ်နဲ့ လိဂ်ဖလား ၁ ကြိမ်တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Source AC Milan

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024