Home
Lead Story
ရေတာရှည်မြို့နယ်၌ စစ်ကြောင်းတခု တိုက်ခိုက်ခံရပြီး ၃ဝ ကျော် သေဆုံး
DVB
·
February 20, 2023

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ ဖေဖော်ဝါရီ ၁၆ ရက် မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၃၀ ကျော် သေဆုံးကာ အများအပြားဒဏ်ရာ ရရှိခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ Bago Region PDF က သတင်းထုတ်ပြန်ပါတယ်။

ဇရစ်ရိုးကုန်းရွာနဲ့ ပိန်းသီလာရွာအနောက်ဘက် စစ်တောင်းမြစ်ဘေးမှာ ဖေဖော်ဝါရီ ၁၆ ရက် မနက် ၉ နာရီလောက်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသ PDF တို့ တိုက်ပွဲ ဖြစ်ပွားရာမှာ စစ်တပ်က ၃၀ ကျော် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ Bago Region PDF ရဲ့တာဝန်ရှိသူ တယောက်က ဆိုပါတယ်။

တိုက်ပွဲအတွင်း MA3 သေနတ် ၄ လက်၊ MA 11 သေနတ် ၂လက်၊MA 2 ၁လက်၊ ကျည်ဘောက် ၈၀ ဘောက်၊ ကျည်ဆန် အတောင့် ၅၂၀၊ ၆၀မမ ဗုံးသီး ၂ လုံးနဲ့ ရိက္ခာအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ရေတာရှည်မြို့နယ်ထဲမှာ ဖေဖော်ဝါရီ ၇ ရက်၊ ၈ရက်၊ ၁၂ရက် နဲ့ ၁၄ ရက်တွေ တိုက်ပွဲ အပြင်းထန်ဖြစ်ပွားခဲ့ပေမဲ့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိ၊ မရှိ အတိကျ မသိရဘူးလို့ ဆိုပါတယ်။

ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာ မတွေ့ရပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024