ချောက်မြို့တွင် ပြင်းအား ရစ်ခ်ျစတာစကေး ၆.၈ ရှိ ငလျင်လှုပ်ခတ်
DVB
·
August 24, 2016
သြဂုတ် ၂၄ရက် မြန်မာစံတော်ချိန် ၅ နာရီ ၅ မိနစ်လောက်က မန္တလေးမြေငလျင်စခန်းမှ အကွာအဝေး အနောက်တောင်ဘက် (၁၂၃) မိုင်လောက်အကွာ ချောက်မြို့ရဲ့ အနောက်ဘက် ၁၂ မိုင်လောက်အကွာကို ပြင်းအား ရစ်ခ်ျစတာစကေး ၆.၈ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။