မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲသူ ၂ သိန်းကျော်လာ
DVB
·
September 3, 2012
၂၀၁၁ ခုနှစ် ဩဂုတ်လအထိ ရန်ကုန်၊ မန္တလေးမှာ မိုဘိုင်းဖုန်းနဲ့ အင်တာနက် အသုံးပြုသူ ၂၅၀၀ ကျော် ရှိရာကနေ ၂၀၁၂ ဩဂုတ်လ အရောက်မှာ ၂ သိန်း ၁ သောင်းနီးပါး ရှိလာကြောင်း မြန်မာ့ဆက်သွယ်ရေး အင်ဂျင်နီယာချုပ် တဦးက ပြောပါတယ်။
ရန်ကုန်တမြို့တည်းမှာ မိုဘိုင်းဖုန်းနဲ့ အင်တာနက်သုံးသူ ၂၀၄,၅၂၃ ယောက် ရှိပြီး အသုံးပြုနေတဲ့ Band Width ဟာလည်း ၂၀၁၁ က (100 M) ပဲ ရှိခဲ့ရာကနေ ၂၀၁၂ မှာတော့ (660 M) အထိ ၆ ဆ ကျော်ရှိလာတယ်လို့ ဆိုပါတယ်။
မိုဘိုင်းဖုန်းစနစ်နဲ့ ပတ်သက်ရင် လက်ရှိ မြန်မာနိုင်ငံမှာ 3G စနစ်ကို အသုံးပြုနေပြီး လာမယ့် ၂၀၁၃ အရှေ့တောင်အာရှ အားကစားပွဲ (ဆီးဂိမ်း) အမီ 4G စနစ် မြှင့်တင်သုံးစွဲနိုင်အောင် စမ်းသပ်နေတယ်လို့ ပြောပါတယ်။