ဘုရားဖူးယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည် ၂ ဦး ပွဲချင်းပြီးသေဆုံး၊ အများအပြားဒဏ်ရာရ
DVB
·
April 15, 2016
ကျောက်ဖြူမြို့နယ် စည်မော်ကျေးရွာမှ နန်မူးတောင်ဘုရားပွဲသို့ ထွက်ခွာလာတဲ့ ဘုရားဖူးယာဉ်ဟာ ဧပြီလ ၁၅ ရက် မနက် ၇ နာရီ ၄၅ မိနစ်ခန့်က တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ လူ ၂ ဦးသေဆုံးခဲ့ပြီး လူအများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ကျောက်ဖြူမြို့မရဲစခန်းက သိရပါတယ်။
ရမ်းဗြဲမြို့နယ် နန်းမူးတောင်ဘုရားပွဲသို့ ထွက်ခွာလာတဲ့ ဘုရားဖူးယာဉ်ဟာ ကျောက်ဖြူမြို့နယ် မင်းပြင်ရွာထဲအရောက်မှာ တိမ်းမှောက်ခဲ့ရာ နေရာမှာပင် အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၅၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
သေဆုံးသူဟာ စစ်တောအုပ်စု၊ စည်မော်ကျေးရွာမှ အသက် ၄၅ နှစ်အရွယ် ဒေါ်ပေါက်ယောင်းမ နဲ့ ကျွဲဒဲကျေးရွာမှ အသက် ၆၃ နှစ်အရွယ် ဦးမောင်အေးချမ်း တို့ဖြစ်ပါတယ်။
ဘုရားဖူးယာဉ်မှာ ကားမောင်းသူအပါအဝင် ခရီးသည် ၅၅ ဦး ပါဝင်ပြီး ပွဲချင်းပြီး ၂ ဦး သေဆုံးကာ ကားပေါ်ပါ ခရီးသည်အားလုံး ဒဏ်ရာရရှိသွားတယ်လို့ ကျောက်ဖြူမြို့မရဲစခန်းက သိရပါတယ်။
(သတင်း၊ ဓာတ်ပုံ - ထွန်းထွန်းနိုင်)