ရန်ကုန်တိုင်းတွင် ၄ လအတွင်း လူသတ်မှု ၅၈ မှုဖြစ်ပွား
DVB
·
May 8, 2015
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အခုနှစ် ဇန်န၀ါရီိလကနေ ဧပြီလအထိ ၄ လအတွင်း လူသတ်မှု ၅၈ မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဒါကတော့ ရန်ကုန်တိုင်းက ခရိုင် ၄ ခုအတွင်းမှာ ဖြစ်ပွားခဲ့တာပါ။ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလကနေ ဧပြီလအထိ ၄ လအတွင်းကို လူသတ်မှု ၇၁ မှုဖြစ်ပွားခဲ့တာကြောင့် အခုနှစ်ရဲ့ လူသတ်မှုဖြစ်ပွားမှုနှုန်းလျော့ကျသွားခဲ့ပါတယ်။
ဒါပေမယ့် အခုနှစ် နှစ်ဆန်းပိုင်း ၄ လအတွင်းမှာပဲ လူသတ်မှုအပါအ၀င်၊ ဓားပြမှု၊ လူယက်မှု စတဲ့ အမှုကြီးတွေကတော့ ၁၃၂ မှု၊ ခိုးမှု၊နာကျင်စေမှု စတဲ့ အခြားအမှုတွေကတော့ ၄၆၀၀ ကျော် နဲ့ ကြိုတင်ကာကွယ်မှုတွေတော့ ၈၇၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။