Home
သတင်းတို
ဧရာဝတီနှင့် ရန်ကုန် မိုးကြီး
DVB
·
November 5, 2014
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် ဧရာဝတီိတိုင်းနဲ့ ရန်ကုန်တိုင်းဒေသကြီးတို့မှာ အခုရက်ပိုင်း မိုးကြီးနိုင်တယ်လို့ မြန်မာနိုင်ငံ မိုးလေ၀သဌာနက ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။ yangon floodလေဖိအားနည်းရပ်ဝန်းဟာ နိုဝင်ဘာ ၆ ရက်မှာ မုန်တိုင်းငယ်ဖြစ်ပေါ်လာနိုင်ပြီး အနောက်မြောက်ဘက်ကို ရွေ့လျားကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ၀င်သွားနိုင်တယ်လို့ လောလောဆယ်ခန့်မှန်းထားတယ်လို့လည်း ပြောပါတယ်။ လက်ရှိအချိန်မှာတော့ လေဖိအားနည်းရပ်ဝန်းက ထွက်ပေါ်လာတဲ့ တိမ်တိုက်တချို့ဟာ ဧရာဝတီတိုင်းပေါ်ထိ ရောက်နေပြီး ဒီနေ့ကစလို့ နောက်နှစ်ရက်ထိ အဲ့ဒီဒေသတွေမှာ မိုးကြီးဦးမယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024