ပုသိမ်- မော်တင်စွန်း ရှုမျှော်ခင်းကြည့် လေယာဉ်ခရီးစဉ် ဆွဲမည်
DVB
·
October 15, 2014
လာမယ့် အောက်တိုဘာ ၁၈ ရက်နေ့ကစပြီး မြန်မာ့လေကြောင်းဟာ လူ ၁၀ ယောက်ဆန့် ဂရင်းကာရေဗင် လေယာဉ်ငယ် အသုံးပြုပြီး ရှုခင်းကြည့်ခရီးစဉ်တွေ စပြေးဆွဲတော့မယ်လို့ မြန်မာ့သတင်းစဉ်က ဖော်ပြပါတယ်။
ရန်ကုန် - ပုသိမ် - ရန်ကုန်ခရီးစဉ်အပြင် ပုသိမ် - ငွေဆောင် - ချောင်းသာ - ပုသိမ်နဲ့ ပုသိမ်- ငွေဆောင်- မော်တင်စွန်း- ပုသိမ် ရှုခင်းကြည့်ခရီးစဉ် ပြေးဆွဲမှာ ဖြစ်ပါတယ်။
ပရိုမိုးရှင်းကာလအဖြစ် လေယာဉ်ခ ရန်ကုန်- ပုသိမ် ကျပ် ၃ သောင်း၊ ရှုခင်းကြည့် ခရီးစဉ်တွေဖြစ်တဲ့ ပုသိမ်- ငွေဆောင်- မော်တင်စွန်း ခရီးစဉ် ကျပ် ၃ သောင်း၊ ပုသိမ်- ချောင်းသာ ငွေဆောင် ကျပ် ၂၅၀၀၀ သတ်မှတ်ထားကြောင်း သိရပါတယ်။
မြန်မာ့လေကြောင်းဟာ အလားတူ ရှုမျှော်ခင်းကြည့် ခရီးစဉ်မျိုး မန္တလေးမြို့ ချမ်းမြသာစည် လေဆိပ်ကို အခြေစိုက်ပြီးလည်း လုပ်ကိုင်နေပါတယ်။