မြန်မာဗွီဒီယိုဇာတ်ကားများကို အွန်လိုင်းကနေ ရောင်းမည်
DVB
·
October 7, 2014
မြန်မာဗွီဒီယိုဇာတ်ကားတွေကို အွန်လိုင်းကနေ တရားဝင် ရောင်းချသွားနိုင်ဖို့အတွက် ရုပ်ရှင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အများပိုင်လုပ်ငန်း လီမိတက်နဲ့ ပုဂံ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတို့ သဘောတူ လက်မှတ်ရေးထိုးလိုက်ကြပါတယ်။
Video on Demand အစီအစဉ် စာချုပ်ကို အောက်တိုဘာ ၅ ရက်နေ့က သဘောတူ လက်မှတ်ရေး ထိုးလိုက်ကြတာ ဖြစ်ပြီး မြန်မာဗွီဒီယိုဇာတ်ကားတွေကို အွန်လိုင်းတင် ရောင်းချခြင်း အပြင် မိုဘိုင်းဖုန်းတွေကနေ ၀ယ်ယူကြည့်ရှုနိုင်အောင်လည်း အကောင်အထည်ဖော်သွားမယ်လို့ သိရပါတယ်။
ဝယ်ယူကြည့်ရှုသူတွေဟာ အွန်လိုင်းငွေပေးချေမှုစနစ်နဲ့ ဖြစ်စေ၊ ကြိုတင်ငွေဖြည့်ကတ် တွေနဲ့ ဖြစ်စေ ကြည့်ရှုနိုင်မယ်လို့ သိရပါတယ်။
ရုပ်ရှင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အများပိုင်ကုမ္ပဏီဆိုတာဟာ ရုပ်ရှင်လောကသား အများစု ငွေကြေးထည့်ဝင် တည်ထောင်ထားတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။