အမေရိကန်တွင် နေထိုင်နိုင်ရေး ကံစမ်းမဲအကြောင်း ဟောပြောမည်
DVB
·
October 1, 2014
၂၀၁၆ ခုနှစ် အမေရိကန်နိုင်ငံမှာ အခြေချနေထိုင်နိုင်ဖို DV ကံစမ်းမဲအတွက် online လျှောက်လွှာတင်တာကို ၂၀၁၄ ခု အောက်တိုဘာလ ၁ ရက်က စပြီး ဆောင်ရွက်နိုင်ပြီ ဖြစ်ပါတယ်။
DV ကံစမ်းမဲအကြောင်းကို ပြည်သူလူထု ပိုမိုနားလည်စေဖို့ ရည်ရွယ်ပြီး အမေရိကန်သံရုံး ကောင်စစ်ဌာနက ဟောပြောပွဲတွေကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ ရန်ကုန်မှာ ၃ ကြိမ်၊ မန္တလေးမှာ ၂ ကြိမ်ကျင်းပသွားမှာ ဖြစ်ပြီး မည်သူမဆို လာရောက်နားထောင်နိုင်တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့မှာ ပထမအကြိမ်ဟောပြောပွဲကို အောက်တိုဘာလ ၂ ရက် ညနေ ၅:၃၀ ကနေ ၇ နာရီအထိ American Center မှာ ကျင်းပမှာဖြစ်ပါတယ်။