မြန်မာ့ဆန်တန်ချိန် ၁ သိန်း အိန္ဒိယ ၀ယ်မည်
DVB
·
September 8, 2014
မြန်မာနိုင်ငံကနေ ဆန်တန်ချိန် ၁ သိန်းဝယ်ဖို့ အိန္ဒိယ အစိုးရက အတည်ပြုလိုက်တယ်လို့ The Hidu သတင်းစာမှာ စက်တင်ဘာလ ၇ ရက်နေ့က ဖော်ပြသွားပါတယ်။
မြန်မာ့ဆန်တွေကို အိန္ဒိယအစိုးရက လူထုကို ဖြန့်ဖြူးရေး အစီအစဉ်များ (PDS)အရ မီဇိုရမ် နဲ့ တြိပူရပြည်နယ်တွေမှာ ရိက္ခာ ဖြန့်ဖြူးဖို့အတွက် လအနည်းငယ်အတွင်းမှာ ၀ယ်ယူတော့မှာပါ။
အိန္ဒိယအစိုးရဟာ မီဇိုရမ် နဲ့ တြိပူရ ပြည်နယ် လိုအပ်ချက်တွေပေါ် မူတည်ပြီး မြန်မာ့ဆန် တန်ချိန် ၂၀၀၀၀ ကို လစဉ်တင်သွင်းခွင့်ပြုထားတာ ၅ လ လောက် ရှိသွားပြီလို့ အိန္ဒိယ အရာရှိက ပြောပါတယ်။