တပတ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ၁၀၀ ကျော်ရှိကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်
ပိုင်စိုး
·
September 3, 2014
ပြီးခဲ့တဲ့ တပတ်အတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၁၀၀ ကျော်နဲ့ တရားခံ ၁၅၀ လောက် ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
သြဂုတ် ၂၅ က ၃၁ ရက်အထိ တပ်မတော်နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့က ဘိန်း၊ ဘိန်းဖြူ၊ စိတ်ကြွ ရူးသွပ်ဆေးပြားစတာတွေ ဖမ်းဆီးခဲ့တာဖြစ်ပြီး ဆေးပြားအရေအတွက် ၃ သိန်း ၂ သောင်းကျော် ဖမ်းခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
လွန်ခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်မြို့မှာ မူးယစ်ဆေးဝါးနဲ့ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိခဲ့ပြီး စိတ်ကြွရူးသွပ်ဆေးပြား ၃ သိန်းကျော်ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အမှုပေါင်း ၁၁၅ မှုမှာ အမျိုးသား တရားခံ ၁၁၅ ယောက်နဲ့ အမျိုးသမီးတရားခံ ၃၂ ယောက် ပါဝင်ပါတယ်။