အကောက်ခွန်ကင်းလွတ်ခွင့်မပေးသည့် လုပ်ငန်းစု ၉ မျိုး ထုတ်ပြန်
DVB
·
August 25, 2014
အရက်၊ ဘီယာနဲ့ စီးကရက်အပါအ၀င် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစု ၉ စုကို အကောက်ခွန် ကင်းလွတ်ခွင့်၊ သက်သာခွင့်နဲ့ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်မပေးတဲ့ လုပ်ငန်းအုပ်စုတွေ အဖြစ် သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က သြဂုတ် ၁၉ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီ အုပ်စုတွေထဲမှာ အရက်၊ ဘီယာနဲ့ စီးကရက်အပါအ၀င် ဓာတ်ဆီ၊ ဒီဇယ်နဲ့ သဘာဝ ဓာတ်ငွေ့ ရောင်းချတဲ့ လုပ်ငန်းတွေ၊ ယာဉ်ပြင်ဆင်မှုနဲ့ အလားတူ ၀န်ဆောင်မှုလုပ်ငန်းတွေ၊ အဆောက် အဦ ဆောက်ပြီး ပြန်ရောင်းချတဲ့လုပ်ငန်းတွေ အစရှိသဖြင့် ပါဝင်ပါတယ်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဟာ အဲဒီလုပ်ငန်းစု ၉ မျိုးက လွဲပြီး ကျန် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ရင် ကာလအတိုင်းအတာတခုအထိ အကောက်ခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်နဲ့ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပေးလေ့ ရှိပါတယ်။