Home
သတင်းတို
မြန်မာအေးဂျင့် ၃ ဦးကို အမိန့်ချမည့်ရက် ရွှေ့
DVB
·
August 19, 2014
မြန်မာနိုင်ငံသားတွေကို  ဗီဇာအတုနဲ့ မလေးရှားနိုင်ငံကို ပို့ဆောင်ခဲ့တဲ့ မြန်မာအေးဂျင့် ၃ ဦးကို အစောပိုင်းက ဒီကနေ့ အမိန့်ချမှာဖြစ်ပေမယ့် ၂၂ နေ့ကို ရက်ရွှေ့လိုက်တယ်လို့ မလေးရှားနိုင်ငံက မြန်မာ ရွှေ့ပြောင်းလုပ်သား အခွင့်အရေးဌာန ဥက္ကဋ္ဌ ကိုလတ်က ပြောပါတယ်။ [caption id="attachment_62714" align="alignright" width="300"]ကွာလာလမ်ပူလေဆိပ် (ဓာတ်ပုံ မလေးရှားရောက်မြန်မာများ ဖေ့စ်ဘွတ်ခ်) ကွာလာလမ်ပူလေဆိပ် (ဓာတ်ပုံ မလေးရှားရောက်မြန်မာများ ဖေ့စ်ဘွတ်ခ်)[/caption] ဒီအေးဂျင့် ၃ ယောက်ကလည်း သူတို့ဘက်က လိုက်ဖို့ ရှေ့နေ ငှားထားပြီး စာရွက်စာတမ်းတွေ မပြည့်စုံသေး တာကြောင့် ရက်ရွှေ့လိုက်တာလို့ ကိုလတ် က ပြောပါတယ်။ လွန်ခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့က ရန်ကုန်ကနေ မလေးရှားကို သွားတဲ့ လေယာဉ်ပေါ်မှာ မြန်မာအလုပ်သမား ၇၂ ဦး နဲ့ သူတို့တတွေကို မြန်မာပြည်ကနေ ခေါ်ဆောင်လာတဲ့ အေဂျင့် ၃ ဦးတို့ လိုက်ပါသွားပြီး မလေးရှားလေဆိပ်မှာ မလေးလ၀ကက ဖမ်းဆီးခဲ့ပါတယ်။ သြဂုတ် ၁၂ ရက်နေ့တုန်းကတော့ ၅၂ ဦးကို ဗီဇာအတု ကိုင်ဆောင်မှုနဲ့ ထောင်ဒဏ် ၁ နှစ်စီ ချမှတ်ခဲ့ပါတယ်။ ကျန်တဲ့  ၂၀ ဦးမှာ ဗီဇာအမှန်ရှိသူ ၁၂ ဦး ပါဝင်ပြီး ကျန် ၈ ဦးကတော့ ဗီဇာတု ကိုင်ဆောင်ကြတဲ့  ကလေးနဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်ပါတယ်။ ဒီ ၈ ဦးကိုတော့ သက်ညှာစွာနဲ့ တရားစွဲဆိုခြင်း မရှိပေ။ အယောက် ၂၀ လုံးကို မြန်မာပြည်ပြန်ပို့မှာ ဖြစ်ပေမယ့် သူတို့ကို အစိုးရသက်သေအဖြစ် လေဆိပ်ထိန်းသိမ်းရေးစခန်းမှာ ထားရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024