ပီအာစနစ်ကျင့်သုံးရန်အဆို ဇူလိုင် ၂၄ ပြည်သူ့လွှတ်တော်တွင် တင်သွင်းရန်ရှိ
DVB
·
July 23, 2014
ဇူလိုင် ၂၄ ရက်နေ့ ကျင်းပမယ့် ပြည်သူ့လွှတ်တော်မှာ အချိုးကျကိုယ်စားပြုစနစ် (ပီအာ) ကျင့်သုံးဖို့ အဆိုကို အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (အန်ဒီအက်ဖ်) က ပုဇွန်တောင်အမတ် ဦးအောင်ဇင်က တင်သွင်းဖို့ ရှိပါတယ်။
ပြည်သူ့လွှတ်တော်အစီအစဉ်မှာ မြန်မာနိုင်ငံနဲ့ လိုက်လျောညီထွေရှိမယ့် ရွေးကောက်ပွဲစနစ်တရပ် ဖော်ဆောင်ကျင့်သုံးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်ရေး တိုက်တွန်းကြောင်းအဆိုလို့ ပီအာစနစ်ဆိုတဲ့ အသုံအနှုန်း မသုံးဘဲ ဖော်ပြထားပါတယ်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ရန်ကုန်တိုင်း၊ အမျိုးသားလွှတ်တော်အမတ် ဒေါ်ခင်ဝိုင်းကြည်က ပြီးခဲ့တဲ့လထဲ ကျင်းပပြုလုပ်ခဲ့တဲ့ အမျိုးသားလွှတ်တော်မှာ ပီအာစနစ်ကျင့်သုံးဖို့ အဆိုတင်ခဲ့ပြီး အမျိုးသားလွှတ်တော်က အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။