ရာဘာစိုက်တောင်သူများကို အကူအညီပေးရန် မရှိ
DVB
·
July 8, 2014
မြန်မာနိုင်ငံတ၀ှမ်းက ရာဘာစိုက် တောင်သူတွေအနေနဲ့ ရာဘာဈေးကျပြီး အရှုံးပေါ်နေပေမယ့် လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းရေးရာ ၀န်ကြီးဌာနအနေနဲ့ ထောက်ပံ့ငွေ ပေးတာနဲ့ ရာဘာဈေးနှုန်းကို အနိမ့်ဆုံးဈေး သတ်မှတ်ပြီး ၀ယ်ယူပေးတာမျိုး လုပ်ဖို့ အစီအစဉ် မရှိသေးဘူးလို့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းရေးရာဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီးက ပြောပါတယ်။
ဇူလိုင် ၈ ရက်နေ့ ကျင်းပတဲ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ မွန်ပြည် နယ် ရေးမြို့ နယ် ပြည်သူ့ လွှတ်တော်အမတ် မိမြင့်သန်းက မေးတာကို သူက ခုလို ပြော လိုက်တာ ဖြစ်ပါတယ်။
လက်ရှိ ရာဘာ အဓိက ၀ယ်ယူနေတဲ့ တရုတ်နိုင်ငံမှာ ကားထုတ်လုပ်မှု ကျဆင်းနေတာနဲ့ ရာဘာစိုက် ဧက တိုးတက်နေတာကြောင့် ၀ယ်လိုအား ကျဆင်းပြီး ဈေးနှုန်း ကျဆင်းနေတာ ဖြစ်ကြောင်း၊ ထိုင်းရာဘာ ၁ တန် ဒေါ်လာ ၂ ထောင် ဈေးပေါက်ပြီး မြန်မာရာဘာကတော့ ၁ တန် ၁၅၀၀ ပဲ ဈေးရတဲ့အကြောင်း၊ ဒါကြောင့် မြန်မာနိုင်ငံက ရာဘာ စိုက်ပျိုးတဲ့ တောင်သူတွေအနေနဲ့ ဈေးကောင်းရအောင် အရည်အသွေးမြှင့် ထုတ်လုပ်ဖို့ လိုတယ်လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံဟာ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးနေတာမို့ အစိုးရအနေနဲ့ ဈေးနှုန်းသတ်မှတ် ၀ယ်ယူဖို့ အစီအစဉ် မရှိဘူးလို့ ပြည်ထောင်စုဒုဝန်ကြီးက ပြောပါတယ်။