
တနင်္သာရီတိုင်း မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် PDF တွေရဲ့ ထိန်းချုပ်နယ်မြေတွေမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဘိန်းစာမှုန့် အထုပ် ၃ သောင်းကျော်ကို ဖေဖော်ဝါရီ ၄ ရက်က ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
ဘိန်းစာမှုန့်တွေရဲ့ ကာလတန်ဖိုးဟာ သိန်း ၇၀၀ ကျော်ရှိပြီး ကျွန်းစုမြို့နယ်၊ မဲတောရွာကို ပို့ဆောင် ရောင်းချမယ့် ပစ္စည်းတွေဖြစ်တယ်လို့ ဘိန်းစာမှုန့်ကို ဖမ်းဆီးရာမှာ ပါဝင်တဲ့ ရဲဘော်တဦးက ပြောပါတယ်။
ကျွန်းစုမြို့နယ်ဘက်မှာ ရောင်းချနေတဲ့ မူးယစ်ဆေးဝါးတော်တော်များများဟာ တနင်္သာရီမြို့နယ် ဘက်ကနေ လာတယ်လို့လည်း ဒေသခံတဦးက ဆိုပါတယ်။
အဆိုပါဘိန်းစာမှုန့်တွေကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မြစ်ထဲပစ်ချ ဖျက်ဆီးခဲ့ပြီး ရောင်းဝယ်ဖောက်ကားတဲ့သူတွေကို ခံဝန်ကတိထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက်တယ်လို့လည်း ဆိုပါတယ်။
မူးယစ်ဆေးဝါးကို ထပ်မံရောင်းချနေတာတွေ သိရှိရပါက ထိုက်သင့်တဲ့ အရေးယူမှု ဆောင်ရွက်သွားမယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက သတိပေးထားပါတယ်။