Home
သတင်းတို
ဇွန်နှင့်စက်တင်ဘာအကြား အော်ရီဒူးက ဖုန်းဆင်းကတ် စရောင်းမည်
DVB
·
May 26, 2014

ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်ရပြီး လုပ်ငန်း အကောင်အထည် ဖော်နေတဲ့ ကာတာအခြေစိုက် အော်ရီဒူးကုမ္ပဏီဟာ မူလ မှန်းထားတာထက် နည်းနည်း နောက်ကျပြီး အခုနှစ် ဇွန်လကုန်ကနေ စက်တင်ဘာလအကြား ဆင်းကတ်တွေကို စပြီး ရောင်းပေးနိုင်မယ်လို့ အော်ရီဒူးရဲ့ မြန်မာပြည်ရုံးခွဲမှာ အမှုဆောင်အရာရှိချုပ် မစ္စတာ ရော့်စ် ကော်လ်မတ် (Mr.Ross Cormack) က ပြောပါတယ်။

ooredoo 8.01.13_45df60b685e854244b0d70bed1533ae0ဆူးလေ ရှန်ဂရီလာဟိုတယ်မှာ မေ ၂၅ ရက်နေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပြီး အဓိကအားဖြင့် ဆက်သွယ်ရေးတာဝါ တိုင် ဆောက်တဲ့ကိစ္စ မြေနေရာ ပြဿ     နာကြောင့် ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

ဆင်းကတ်တွေကို ၁ ကဒ် ကျပ် ၁၅၀၀ နဲ့ ရောင်းချပေးမှာ ဖြစ်ပြီး နိုင်ငံတကာ ဆက်သွယ်ရေး ဥပေဒတွေနဲ့အညီ သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို အစိုးရက တောင်းရင်တောင် ပေးမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

အော်ရီဒူးဟာ လက်ရှိ တာဝါတိုင် ၁၀၀ ကျော် တည်ဆောက်ပြီးစီးနေပြီး ၄၀၀ ကျော် ဆောက်လက်စ ဖြစ်ကာ နောက်ထပ် ၁ ထောင်ကျော် ဆက်ပြီး တည်ဆောက်သွားမယ်လို့ မစ္စတာ ရော့်စ် ကော်လ်မတ်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024