အစိုးရ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ဟာ နှစ်စဉ်တောင်သူတွေကို ထုတ်ပေးနေတဲ့ စိုက်ပျိုးစရိတ်ချေးငွေ အတိုးနှုန်းတွေကို အခု မိုးရာသီကစ ၄၀ ရာခိုင်နှုန်း လျော့ချသွားမယ်လို့ ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။
ပြီးခဲ့တဲ့နှစ်ကအထိ စိုက်ပျိုးစရိတ်အတွက် ချေးငွေကို အတိုးနှုန်း ၁ နှစ် ၈ ဒဿ မ ၅ ရာခိုင်နှုန်း ယူနေရာကနေ အခုနှစ်ကစ အတိုးနှုန်း ၅ ရာခိုင်နှုန်းပဲ ယူတော့မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီ နှုန်းဟာ ၁ လ ငွေ ကျပ် ၁၀၀ ကို အတိုး ၄၂ ပြားနှုန်းပဲ ယူတဲ့ သဘောလည်း ဖြစ်ပါတယ်။
အခုနှစ် မေလ မကုန်မီ တောင်သူတွေအတွက် စိုက်ပျိုးစရိတ် ချေးငွေ ကျပ် ၁ ထရီလီယံ နီးပါး ထုတ်ချေးမှာဖြစ်ပြီး လယ်သမားတွေ အနေနဲ့ တိုင်းနဲ့ပြည်နယ် အစိုးရဆီကနေ တိုက်ရိုက် ချေးယူနိုင်မယ်လို့လည်း ကြေညာထားပါတယ်။