DVB Logo
Home
မြန်မာသတင်း
ဆန္ဒပြအလုပ်သမားများအား အလုပ်ထုတ်မှု မြန်မာပေါင်ချိန်စက်ရုံကို Adidas ကန့်ကွက်
DVB
·
November 11, 2022
ဆန္ဒပြအလုပ်သမားများအား အလုပ်ထုတ်မှု မြန်မာပေါင်ချိန်စက်ရုံကို Adidas ကန့်ကွက်
Donate to DVB

မြန်မာပေါင်ချိန်ဖိနပ်စက်ရုံက လုပ်ခလစာတိုးပေးဖို့ တောင်းဆိုတဲ့ အလုပ်သမားတချို့ကို အလုပ်ကထုတ်လိုက်တဲ့အပေါ် ကန့်ကွက်ကြောင်း အဲဒီစက်ရုံကချုပ်လုပ်နေတဲ့ Adidas ဘရန်း ကုမ္ပဏီက ထုတ်ပြန်လိုက်ပါတယ်။

မြန်မာပေါင်ချိန်စက်ရုံက လုပ်ခလစာတိုးမြှင့်ပေးဖို့ တောင်းဆိုဆန္ဒပြတဲ့ အလုပ်သမားတွေထဲက အလုပ်သမား ၃၀ နီးပါးကို အလုပ်ကထုတ်ပယ်ခဲ့တာပါ။

အဲဒီလိုထုတ်ပယ်ခံရတဲ့ အလုပ်သမားတွေဟာ ရပိုင်ခွင့်အတွက် လွတ်လပ်စွာ တောင်းဆိုတာဖြစ်ပြီး အလုပ်ထုတ်ခံရတဲ့အထဲမှာ စက်ရုံသမဂ္ဂအဖွဲ့ဝင်အများစု ပါဝင်ခဲ့တာဟာ လက်ခံနိုင်စရာမဟုတ်ဘူးလို့ Adidas ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သူတို့အနေနဲ့ အဲဒီလို အလုပ်သမားတွေကို ဖိနှိပ် အလုပ်ထုတ်ပယ်တာဟာ ဥပဒေကြောင်းနဲ့ ညီမညီ စစ်ဆေးနေပြီး အလုပ်ထုတ်ခံထားရသူတွေကို အမြန်ဆုံး ပြန်ခန့်ထားဖို့လည်း မြန်မာပေါင်ချိန်စက်ရုံကို တောင်းဆိုထားပါတယ်။

အဲဒီစက်ရုံက အလုပ်သမားတွေဟာ တရက်လုပ်ခ ၄,၈၀၀ ကျပ်အစား ၈,၀၀၀ ကျပ်ပေးဖို့ အောက်တိုဘာလကုန်ပိုင်းက စက်ရုံထဲ ဆန္ဒပြတောင်းဆိုခဲ့တာပါ။

ဆန္ဒပြမှုမှာ အလုပ်သမားရာချီ ပါဝင်ခဲ့ပြီး အဲဒီစက်ရုံက အလုပ်သမားသမဂ္ဂဝင် ၁၇ ယောက် အပါအဝင် ၃၀ လောက်ကို အလုပ်ကထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။

အလုပ်ထုတ်ခံရတဲ့အထဲ ပါဝင်သူတယောက်က “အခုက ဘရန်းကလည်း ဖိအားပေးထားတော့ စက်ရုံက ဘာဆက်လုပ်မယ် မသိသေးဘူး။ ဆန္ဒပြပွဲမှာပါတဲ့ အလုပ်သမားတွေကိုတော့ သတိပေး အရေးယူတာ ပယ်ဖျက်ပေးနေတယ်။ အလုပ်ထုတ်ခံရသူတွေကိုတော့ ဘာဆက်လုပ်မယ် မသိဘူး။ အဲဒါ စောင့်ကြည့်နေတုန်း” လို့ ပြောပါတယ်။

မြန်မာပေါင်ချိန်စက်ရုံဟာ Adidas ဖိနပ်ကို အဓိကချုပ်လုပ်နေတာဖြစ်ပြီး အဲဒီ ဘရန်းချုပ်တဲ့ စက်ရုံတွေမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု ရှိနေတယ်ဆိုပြီး နိုင်ငံတကာရှိ အလုပ်သမားအဖွဲ့တွေက ကမ်ပိန်းလုပ် ရှုတ်ချနေကြပါတယ်။

မြန်မာနိုင်ငံက သူတို့ထုတ်ကုန်ချုပ်လုပ်နေတဲ့ စက်ရုံက ဖြစ်ပျက်တဲ့ အခြေအနေအပေါ် Adidas က ဖြေရှင်းချက်ထုတ်ပေမဲ့ ထိရောက်မှုရှိမရှိ စောင့်ကြည့်ရဦးမယ်လို့ မြန်မာပေါင်ချိန်စက်ရုံ လုပ်သားတချို့က ဆိုပါတယ်။

မြန်မာပေါင်ချိန်စက်ရုံက အလုပ်ထုတ်ခံထားရတဲ့ သမဂ္ဂဝင်တွေကတော့ အလုပ်ပြန်ရဖို့အပြင် မူလတောင်းဆိုချက်ဖြစ်တဲ့ လုပ်ခလစာ တိုးမြှင့်ပေးရေးအတွက် Adidas က ကူညီပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013