Home
အားကစား
ဂျာစီ စပွန်ဆာမှ ဝင်ငွေအများဆုံးရသည့် အသင်းစာရင်းတွင် ရီးရဲလ် ထိပ်ဆုံးရပ်တည်
DVB
·
August 2, 2023

ဂျာစီစပွန်ဆာကနေ ဝင်ငွေအများဆုံးရရှိတဲ့အသင်း စာရင်းမှာ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်က ထိပ်ဆုံးမှာ ရပ်တည်ခဲ့ပါတယ်။

မက်ဒရစ်ကလပ်ဟာ ၁၉၉၈ ခုနှစ်ကတည်းက Adidas ကုမ္ပဏီနဲ့ လက်တွဲလာတာဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ ချုပ်ဆိုခဲ့တဲ့ စာချုပ်သစ်အရ တနှစ်ကို ပေါင်သန်း ၁၁၀ ဝင်ငွေရရှိနေပြီး ၂၀၂၈ ခုနှစ်အထိ စာချုပ် ချုပ်ဆိုထားတာပါ။

ဒုတိယနေရာမှာ ဘာစီလိုနာအသင်းက ရပ်တည်နေပြီး Nike ကုမ္ပဏီနဲ့ တနှစ်ကို ပေါင်သန်း ၁၀၀ နဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ် ချုပ်ဆိုထားပါတယ်။

တတိယနေရာမှာ မန်ယူအသင်းက ရပ်တည်နေပြီး Adidas ကုမ္ပဏီနဲ့ တနှစ်ကို ပေါင်သန်း ၉၀ ရရှိနေတာပါ။

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ Adidas နဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့တာဖြစ်ပြီး တနှစ်ကို ပေါင်သန်း ၉၀ နဲ့ ၂၀၃၅ ခုနှစ်အထိ စာချုပ် ချုပ်ဆိုခဲ့တာပါ။

ပရီးမီးယားလိဂ်မှာတော့ မန်ယူအသင်းက ဂျာစီစပွန်ဆာကနေ ဝင်ငွေအများဆုံး ကလပ်အသင်း ဖြစ်ပါတယ်။

အဲဒီနောက်မှာ လီဗာပူးက Nike နဲ့ တနှစ်ကို ပေါင်သန်း ၈၀၊ အာဆင်နယ်က Adidas နဲ့ တနှစ်ကို ပေါင် ၇၅ သန်း၊ ပီအက်စ်ဂျီက Nike နဲ့ တနှစ်ကို ပေါင် ၆၈ သန်း ဝင်ငွေရရှိနေကြတာပါ။

အဲဒီနောက်မှာ မန်စီးတီး၊ ချဲလ်ဆီး၊ ဂျူဗင်တပ်၊ ဘိုင်ယန်မြူးနစ် တို့က အစဉ်လိုက် ရပ်တည်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024