Home
မြန်မာသတင်း
မသောက်မိသော မိုးခါးရေ ရုပ်ရှင် မဲလ်ဘုန်းမြို့တွင် ပြသ
DVB
·
October 27, 2022
311573695_488813949957956_1805643534134797929_n
313309760_488813969957954_91115312892031640_n
312662334_488814033291281_7074905668103604581_n
313308305_488814099957941_8177576228922147243_n
313029490_488814166624601_510415196712579296_n
313312413_488814193291265_5662066782822513479_n
313301122_488814283291256_5868061090429676601_n
313255672_488814326624585_7615872581361747345_n
313182303_488814349957916_1601059936421246175_n
313310808_488814556624562_4511659613543003502_n
313300027_488814613291223_3137741406907961142_n

ဒါရိုက်တာကိုပေါက်ရဲ့ မသောက်မိသော မိုးခါးရေ ရုပ်ရှင်ဇာတ်လမ်းတိုကို သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့လယ်က nova cinema ရုပ်ရှင်ရုံမှာ အောက်တိုဘာ ၂၇ ရက် ညနေပိုင်းက အချိန် ၂ ခုခွဲပြီး ပြသသွားပြီး ပွဲစဥ် ၂ ခုလုံး ပရိသတ် ရုံပြည့်အားပေးမှုကို ရခဲ့ပါတယ်။

မူလက ပွဲစဥ်ထဲမှာ ဒါရိုက်တာကိုပေါက်နဲ့ ပရိသတ်တွေ တိုက်ရိုက်စကားပြောဖို့ စီစဥ်ခဲ့ပေမဲ့ ကိုပေါက်ရဲ့ လမ်းခရီးအခြေအနေအရ ကျေးဇူးတင်စကား အသံဖိုင်ကိုပဲ ပေးပို့ဖွင့်ပြခဲ့သလို ပွဲစဥ်အစပိုင်းမှာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ ညီမဖြစ်သူ ဒေါက်တာ ယုယုချစ်က အဖွင့်စကား ပြောကြားခဲ့ပါတယ်။

မသောက်မိသော မိုးခါးရေ ရုပ်ရှင်ကို အစက တနိုင်ငံ တမြို့ ပုံစံနဲ့ ပြသဖို့ဖြစ်ပေမဲ့ မြို့ခံပရိသတ်တွေ တောင်းဆိုမှုအရ ဆစ်ဒနီ၊ မဲလ်ဘုန်းအပြင် တခြား သြစတြေးလျ မြို့ကြီးတွေမှာလည်း ဆက်ပြသွားဖို့ရှိတယ်လို့ ပွဲစီစဥ်သူတဦးဖြစ်တဲ့ ကိုရောဘတ်လင်းထွန်းက ပြောပါတယ်။

မသောက်မိသော မိုးခါးရေ ရုပ်ရှင်ဇာတ်လမ်းတိုကို ဒါရိုက်တာ ကိုပေါက်က တောတွင်းတနေရာမှာ iPhone 11 ကင်မရာနဲ့ ရိုက်ကူးခဲ့ပြီး CDM စစ်ဗိုလ်တဦးရဲ့ ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

မသောက်မိသော မိုးခါးရေ ရုပ်ရှင်ကို လတ်တလောမှာ အမေရိကား၊ လန်ဒန်၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ သြစတြေးလျနဲ့ နိုင်ငံတကာမြို့ကြီးတွေမှာ လှည့်လည်ပြသနေတာ ပရိသတ်အားပေးအောင်မြင်မှုတွေ ရရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024