DVB Logo
Home
မြန်မာသတင်း
ထားဝယ်ခရိုင်၌ ၂ လအတွင်း ကိုယ့်ကိုယ်ကိုယ် သတ်သေသူ ၄ ဦးရှိလာ
DVB
·
October 18, 2022
ထားဝယ်ခရိုင်၌ ၂ လအတွင်း ကိုယ့်ကိုယ်ကိုယ် သတ်သေသူ ၄ ဦးရှိလာ
Donate to DVB

တနင်္သာရီတိုင်း  ထားဝယ်ခရိုင်မှာ အခုနှစ် စက်တင်ဘာနဲ့ အောက်တိုဘာလဆန်းပိုင်းတွေမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့သူ  ၄ ယောက်အထိ ရှိခဲ့တယ်လို့ လူမှုကူညီရေးအဖွဲ့တွေရဲ့ မှတ်တမ်း အရ သိရပါတယ်။

သေဆုံးသူတွေဟာ ထားဝယ်မြို့နယ်က အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်၊ လောင်းလုံမြို့နယ်က အမျိုးသားတယောက်နဲ့ ရေဖြူမြို့နယ်က အမျိုးသားတယောက်တို့ဖြစ်ကြီး အဲဒီထဲက သုံးယောက်ဟာ အသက် ၅၀ နဲ့အထက် သက်ကြီးပိုင်းတွေဖြစ်ကြကာ ကျန်တယောက်ကတော့ အသက် ၃၀ ဝန်းကျင် အမျိုးသားတယောက် ဖြစ်ပါတယ်။

စက်တင်ဘာ ၁၀ ရက်က ထားဝယ်မြို့ ဆန်းချီရပ်ကွက်က အသက် ၆၅ နှစ်အရွယ် ဦးတင်ထွန်း မိမိကိုယ်ကိုယ်ကိုယ် ကြိုးဆွဲချအဆုံးစီရင်ခဲ့ပြီး  အောက်တိုဘာ ၁၂ ရက်မှာ ထားဝယ်မြို့နယ်၊ ပေါက်တိုင်းရွာက အသက် ၆၃ နှစ်အရွယ် ဒေါ်မြကြွယ်  အဆုံးစီရင်ခဲ့တယ်လို့ ဆိုပါတယ်။

ထားဝယ်မြို့က အမျိုးသားဟာ  စားဝတ်နေရေး အခက်အခဲကြောင့်ဖြစ်ပြီး အမျိုးသမီးကတော့ မိသားစုပြဿနာတွေကြောင့် သတ်သေခဲ့တာလို့ တရပ်ကွက်ထဲနေသူတွေက ပြောပါတယ်။

အလားတူ စက်တင်ဘာ ၂ ရက်က လောင်းလုံမြို့နယ် ညင်းမော်ရွာက ရော်ဘာခြံအတွင်း နေထိုင်သူ အသက် ၃၀ ဝန်းကျင် အမျိုးသား တဦး ဆွဲကြိုးချသေဆုံးသွားတယ်လို့ သွားရောက်သယ်ဆောင်ပေးခဲ့တဲ့ စေတနာရှင်ပရဟိတအဖွဲ့က ပြောပါတယ်။

အဲဒီလထဲမှာပဲ ရေဖြူမြို့နယ် ကံပေါက်ကျေးရွာနေ အသက် ၅၀ ကျော်အရွယ်ရှိ ယာဉ်မောင်းအမျိုးသား တဦးလည်း မိမိကိုယ်ကို ဆွဲကြိုးချအဆုံးစီရင်သွားတယ်လို့ ရပ်ကွက်နေ နီးစပ်သူတဦးက ပြောပါတယ်။

လောင်းလုံနဲ့ ရေဖြူက သေဆုံးသွားတဲ့ အမျိုးသားတွေကတော့ ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်ဆိုတာတော့ မသိရပါဘူး။

အခုလို သေကြောင်းကြံစည်သွားတဲ့သူ ၄ ယောက်စလုံးဟာ သာမန်လက်လုပ်လက်စား မိသားစုတွေ ဖြစ်တယ်လို့ သိရပြီး မြေပြင်မှာ သေကြောင်းကြံစည်မှုဖြစ်ပြီး အချိန်မီကယ်တင်နိုင်လို့ အသက်မသေဆုံးတဲ့ အမှုတွေလည်း ရှိတယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ ကံပေါက်ဒေသက ကြက်ခြေနီတပ်ဖွဲ့ဝင်တ ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်စဉ်ပြီးနောက် တနှစ်ခွဲကျော်အကြာ သြဂုတ်နဲ့ စက်တင်ဘာတွေ မှာ နိုင်ငံတဝန်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုတွေ ခပ်စိပ်စိပ်ဖြစ်လာတာကို တွေ့နေရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013