၃ လအတွင်း ခရီးသွားလုပ်ငန်းကုမ္ပဏီ ၉၀ နီးပါး တည်ထောင်

မြန်မာနိုင်ငံအတွင်း နိုင်ငံခြားခရီးသည် ၀င်ရောက်မှု များလာတာနဲ့အတူ ခရီးသွားလုပ်ငန်း ၀န်ဆောင်မှုကုမ္ပဏီတွေ ထူထောင်မှု များလာပြီး ပြီးခဲ့တဲ့ ၃ လ အတွင်း ကုမ္ပဏီအသစ် ၉၀ နီးပါး ထပ်ပြီး ဖွင့်လှစ်ခဲ့တယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။

IMG_0121zနှစ်စ ၃ လအတွင်း ခရီးသွားလုပ်ငန်း ၀န်ဆောင်မှုကုမ္ပဏီ ၉၀ နီးပါး တိုးလာတဲ့အတွက် မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီ စုစုပေါင်း ၁၄၀၀ ကျော် အထိ ရောက်လာပါတယ်။

အခု အသစ်ထပ်ဖွင့်တဲ့ ကုမ္ပဏီ ၉၀ ကျော်မှာ နိုင်ငံခြားကုမ္ပဏီ ၁ ခု၊ ဖက်စပ်ကုမ္ပဏီ ၄ ခုနဲ့ ကျန်တာတွေကတော့ နိုင်ငံသားပိုင် ကုမ္ပဏီတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၂ အတွင်း နိုင်ငံခြားသား ခရီးသည် ၂ သန်း နီးပါး ၀င်ရောက်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာတော့ ၃ သန်းနီးပါး ၀င်ရောက်ခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up