ဒလဘက်တွင် ဆိပ်ခံအသစ်တခု ဆောက်မည်
DVB
·
March 10, 2014
လာမယ့် မတ် ၂၁ ရက်နေ့ကျရင် ဂျပန်အစိုးရအကူအညီနဲ့ ရန်ကုန် တဖက်ကမ်း ဒလ ဘက်မှာ ဆိပ်ခံတံတားတခု တည်ဆောက်သွားမှာ ဖြစ်ပြီး ဂျပန်နိုင်ငံက ကူးတို့သင်္ဘောကြီးတွေ ရောက်လာချိန် မတိုင်ခင် အပြီးတည်ဆောက်မယ်လို့ ရေကြောင်းပို့ဆောင်ရေးဦးစီးဌာန တာဝန်ရှိသူတဦးက အတည်ပြု ပြောဆိုပါတယ်။
[caption id="attachment_51369" align="alignright" width="300"] ပန်းဆိုးတန်း-ဒလ ဆိပ်ကမ်း[/caption]ရန်ကုန်- ဒလ သင်္ဘောခရီးစဉ်တွေမှာ နေ့စဉ် ကူးသန်းသွားလာနေသူ ၃ သောင်းလောက် ရှိနေပေမယ့် ဒလဆိပ်ကမ်းဘက်မှာ ကောင်းမွန်တဲ့ ဆိပ်ခံလည်း မရှိပါဘူး။
ဒါ့အပြင် လက်ရှိ ပြေးဆွဲနေတဲ့ ကူးတို့ သင်္ဘော ၃ စီးဟာလည်း ဟောင်းနွမ်းနေတဲ့အတွက် ဂျပန်နိုင်ငံက ဒေါ်လာ ၁၂ သန်းလောက် အကုန်အကျခံပြီး ကူးတို့သင်္ဘော ၃ စင်း ဆောက်လုပ် လှူဒါန်းဖို့ ရှိနေရာ အခုနှစ်မကုန်ခင် ရန်ကုန်ကို ရောက်လာမယ်လို့ သူက ပြောပါတယ်။