လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်ဖွဲ့စည်း

688
အရင် ယန္တရားတပ်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အငြိမ်းစား ဗိုလ်ချုပ်မြ၀င်းကို ဥက္ကဋ္ဌ၊ အငြိမ်းစား သံအမတ်ကြီး ဦးတင်ဦးကို အတွင်းရေးမှူးအဖြစ် တာဝန်ပေးထားတဲ့ လာဘ်ပေး လာဘ်ယူမှုပပျောက်ရေး ကော်မရှင်ကို ဖွဲ့စည်းလိုက်ကြောင်း သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးပြီး ဒီနေ့ ထုတ်ပြန်ကြေငြာပါတယ်။
အဲဒီ ကော်မရှင်မှာ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးအပါအ၀င် အဖွဲ့ဝင် စုစုပေါင်း ၁၅ ယောက် ပါဝင်ပါတယ်။
ဒီကော်မရှင်ကို သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့က ၅ ဦးစီ နာမည်စာရင်း တင်သွင်း ဖွဲ့စည်းထားပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပေးလိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်က အဂတိလိုက်စားမှု အမြင့်ဆုံးနိုင်ငံတွေ စာရင်းထဲမှာ ပါဝင်နေဆဲ ဖြစ်ပါတယ်။
