Home
မြန်မာသတင်း
အိမ်မဲလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထွန်း၏အစ်ကိုဖြစ်သူ ထောင် ၂ နှစ်ချမှတ်ခံရ
DVB
·
January 21, 2022
271890160_1265182343966106_2574206293489672414_n
271890160_1265182343966106_2574206293489672414_n

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထွန်းရဲ့ အစ်ကိုဖြစ်သူကို ဇန်နဝါရီ ၂၀ ရက်နေ့မှာ စစ်ကောင်စီက ထောင် ၂ နှစ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ 

လွှတ်တော်ကိုယ်စားလှယ်‌ ဒေါ်ရီရီထွန်းရဲ့ အစ်ကိုဖြစ်သူ ကိုမျိုးမင်းအောင်ကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးပြီး ၄ လလောက်အကြာမှာ ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တာလို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။ 

“သူက အေးဆေးသမား နိုင်ငံရေးလည်း မလုပ်ဘူး။ အဲ့တာကို ဖမ်းသွားပြီး အသံဖိုင်တွေ့လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ထောင်ချလိုက်တာ။ အသံဖိုင်ကလည်း ဆန္ဒပြပွဲတုန်းက ပြောထားတဲ့ ဖိုင်၊ အဲ့တာကို ၅၀၅ နဲ့ဆွဲပြီး ထောင် ၂ နှစ်ချလိုက်တာ” လို့ နီးစပ်သူတဦးက ပြောပါတယ်။

ထောင်ဒဏ် ၂ နှစ်ချမှတ်ခံခဲ့ရတဲ့ ကိုမျိုးမင်းအောင်ဟာ စစ်ကောင်စီရဲ့ ပထမအကြိမ် ဖမ်းဆီးခံရစဉ်မှာ ပြန်လည်လွတ်မြောက်ခဲ့ပေမယ့် ဒုတိယအကြိမ် ထပ်ဖမ်းဆီးချိန်မှာ ခုလို ထောင်ချခံခဲ့ရတာလို့ ဆိုပါတယ်။ 

အစ်ကို ဖြစ်သူ ကိုမျိုးမင်းအောင် ထောင်ချခံရတာနဲ့ပတ်သက်ပြီး ဒါဟာ လုံးဝမဖြစ်သင့်တဲ့ကိစ္စလို့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထွန်းက မှတ်ချက်ပေးပြောဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024