Live
Home
မြန်မာသတင်း
ထီးချိုင့်မြို့နယ်တွင် PDF ရဲဘော် ၂ ဦးကို စစ်တပ်က ဖမ််းဆီးပြီး ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်
DVB
·
January 12, 2022

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ဧရာအရှေ့ခြမ်းက PDF ရဲဘော်နှစ်ယောက်ကို  စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့တဲ့အတွက် စစ်အာဏာရှင်ကို နှစ်ဆပိုတိုးပြီး တော်လှန်သွားမယ်လို့ Eagles Army-HPDF က ထုတ်ပြန်ပါတယ်။ 

PDF ရဲဘော်နှစ်ယောက်ဟာ ဇန်နဝါရီလ ၁၀ ရက် အသတ်ခံခဲ့ရတာဖြစ်ပြီး  နယ်ကျွံသွားလို့ အဖမ်းခံခဲ့ရကာ  ထီးချိုင့်တောင်ပေါ်စခန်းမှာ နှိပ်စက် သတ်ဖြတ်ခံခဲ့ရပြီးတဲ့နောက် လမ်းဘေးမှာ အလောင်းလာပစ်သွားတာလို့ အဆိုပါတပ်ဖွဲ့ရဲ့ ကာကွယ်ရေးခေါင်းဆောင်က ပြောပါတယ်။ 

အဲဒီလိုကျဆုံးသွားတဲ့ ရဲဘော်နှစ်ယောက်ကို အာဇာနည် သူရဲကောင်းဘွဲ့ပေးအပ်ကြောင်းနဲ့ မိမိတို့အဖွဲ့အစည်းနဲ့ မသက်ဆိုင်တော့ကြောင်း အမိန့်ပြန်တမ်းစာ ထုတ်ပြန်ခဲ့တယ်လို့လည်း ဆိုပါတယ်။  

အသတ်ခံလိုက်ရတဲ့ ရဲဘော် ၂ ယောက်ကတော့ အသက် ၂၃ နှစ်အရွယ် ကိုအောင်မြင့်ထွန်းနဲ့ ကိုဝေဖြိုးအောင်တို့ ဖြစ်တယ်လို့လည်း သိရပါတယ်။ 

အခုလို စစ်ကောင်စီတပ်ဖွဲ့တွေက သတ်ဖြတ်ခဲ့တဲ့ ရဲဘော်နှစ်ဦးလုံးရဲ့ ခန္ဓာကိုယ်နေရာအနှံ့အပြားမှာ ညှဉ်းပန်းနှိပ်စက်ထားတဲ့ ဒဏ်ရာတွေအများအပြားရရှိခဲ့တယ်လို့လည်း  နာရေးကူညီမှုအသင်းကနေ သိရပါတယ်။ 

ဒါ့အပြင် ဇန်နဝါရီ ၁၀ ရက် ညနေပိုင်းကလည်း ထီးချိုင့်မြို့နယ် မြဘုရင် သကြားစက်နဲ့  မြတောင်ကျေးရွာကြားမှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသားနှစ်ယောက်ကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024