Home
မြန်မာသတင်း
လူ့အခွင့်အရေးနေ့တွင် မကွေးမြို့က စျေးဆိုင်များမပိတ်ရန် ဆိုင်ရှင်တချို့ကို လက်မှတ်ထိုးခိုင်း
DVB
·
December 9, 2021
265586614_1233289863831688_1530611195397289817_n
264832556_1233289897165018_8927189062843443281_n
264070371_1233289703831704_1693567816726204094_n
263729285_1233289793831695_6090973325845488435_n
263177515_1233289627165045_8825370019031942638_n
262326745_1233289740498367_4195591516742053120_n
262058449_1233289663831708_3105467878531963179_n
261148942_1233289930498348_2622777191281192156_n

မကွေးမြို့က စျေးဆိုင်ပိုင်ရှင်အချို့ကို လာမယ့် ဒီဇင်ဘာ ၁၀ ရက် “လူ့အခွင့်အရေးနေ့” မှာ စျေးဆိုင်တွေမပိတ်ဖို့ စျေးဆိုင်ပိုင်ရှင်အချို့ကို စစ်ကောင်စီလက်အောက်ခံ စည်ပင်ဝန်ထမ်းတွေက လိုက်လံလက်မှတ်ထိုးခိုင်းနေတယ်လို့ သိရပါတယ်။

မကွေးမြို့က ကုန်စုံဆိုင်ပိုင်ရှင်တဦးက “မနေ့က (ဒီဇင်ဘာ ၈) နေ့လည်ပိုင်းက စည်ပင်ဝန်ထမ်းတွေရောက်လာတယ်။ ဒီဇင်ဘာ ၁၀ ရက်နေ့ကို ဆိုင်မပိတ်ဖို့ လက်မှတ်ထိုးပေးပါဆိုပြီးလာတယ်။ စကားပြောရမှာ မတန်တာနဲ့ လက်မှတ်ထိုးပေးလိုက်တယ်။ ဒါပေမယ့် ၁၀ ရက်နေ့ကျရင် ဆိုင်ကတော့ပိတ်မှာပါ။ ကိုယ်ကျရာနေရာကနေ ပြည်သူ့အတွက် တာဝန်ထမ်းဆောင်ရတာပဲ” လို့ ပြောပါတယ်။

စည်ပင်ဝန်ထမ်းတွေဟာ ဒီဇင်ဘာ ၁၀ ရက်နေ့ စျေးဆိုင်တွေမပိတ်ဖို့ တချို့စျေးဆိုင်ပိုင်ရှင်တွေကို လက်မှတ်ရေးထိုးခိုင်းပြီး တချို့ကိုတော့ နှုတ်နဲ့သာ ပြောဆိုသွားကြတယ်လို့ စျေးဆိုင်ပိုင်ရှင်တွေဆီက သိရပါတယ်။

စတိုးဆိုင်ပိုင်ရှင်တဦးက “စည်ပင်ကလူတွေက ဒီဇင်ဘာ ၁၀ ရက်နေ့ကို စျေးဆိုင်တွေမပိတ်ဖို့ နှုတ်နဲ့ပြောသွားတယ်။ ဘာကြောင့်မပိတ်ရမှာလဲမေးတော့ ပြန်မဖြေကြဘူး။ သူတို့က  ကြောက်နေကြတာလေ။ အကြမ်းဖက်စစ်ကောင်စီ အုပ်ချုပ်ခွင့်မရအောင် ဆိုင်တွေကတော့ ပိတ်ကြမှာပါ။ အဲ့ဒီနေ့မပိတ်တဲ့ဆိုင်တွေကို နောက်နောင်မှာ ပြည်သူတွေ စျေးမဝယ်ကြတော့နဲ့ဗျာ'' လို့ ပြောပါတယ်။

လာမယ့် ဒီဇင်ဘာ ၁၀ ရက်နေ့ ကျရောက်မယ့် "လူ့အခွင့်အရေးနေ့" မှာ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ မနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ တိတ်ဆိတ်ခြင်းသပိတ် (Silent Strike) ပြုလုပ်သွားမှာဖြစ်လို့ ပြည်သူလူထုတရပ်လုံးပါဝင်ကြဖို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က တိုက်တွန်းနှိုးဆော်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024