Home
မြန်မာသတင်း
မကွေးမြို့တွင် သွေးကူညီမှုအသင်းဥက္ကဋ္ဌ ဖမ်းဆီးသတ်ဖြတ်ခံရ
DVB
·
April 8, 2024

မကွေးတိုင်း၊ မကွေးမြို့၊ သင်ကြားရေးဆေးရုံလမ်း၊ ယာတောထဲမှာ သွေးကူညီမှုအသင်း ဥက္ကဋ္ဌ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဓားဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ မြို့ခံ ပရဟိတအဖွဲ့ဝင်တွေထံက သိရပါတယ်။

ဧပြီ ၇ ရက်က အမည်မသိသူတွေက သွေးလိုအပ်လို့ ကူညီပေးနိုင်ဖို့ လိမ်လည်ကာ ဖုန်းဆက်အကူအညီတောင်း ခေါ်ဆောင်ပြီး ဓားဒဏ်ရာတွေနဲ့ သေဆုံးရုပ်အလောင်းကိုသာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပရဟိတအဖွဲ့ဝင်တဦးက “ညဘက်ကြီး သွေးလိုတယ်ဆိုပြီး ဖုန်းခေါ်လို့ သွားတာ။ ပြန်မလာတော့ ဖုန်းဆက်ကြည့်တာ ဖုန်းတကြိမ်ကိုင်ပြီး နောက်တခါခေါ်တော့ ဖုန်းပိတ်သွားတယ်။ ဒီနေ့မနက်မှ အလောင်းပြန်တွေ့တာ၊ ဓားဒဏ်ရာတွေမှ အများကြီးပဲ” လို့ DVB ကို ပြောပါတယ်။

မကွေးမြို့၊ ရွာသစ် ၁၈ လမ်းမှာ နေထိုင်သူ သွေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးရဲလင်းထွန်း အသက် ၄၀ ကိုယ်ပေါ်မှာ ဓားဒဏ်ရာအချက်ပေါင်း ၆၀ ကျော်နဲ့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးရုပ်အလောင်းကို မြို့ခံ မြေပြင်လူမှုကူညီရေးအသင်းက မကွေးမြို့ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ကူညီပေးခဲ့ပြီး ပြစ်မှုကျူးလွန်သူတွေကိုတော့ ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

အမည်မသိ ပြစ်မှုကျူးလွန်သူတွေက ဦးရဲလင်းထွန်း အသုံးပြုခဲ့တဲ့ ယိုးဒယားဆိုင်ကယ်၊ ငွေကြေးတချို့နဲ့ ဖုန်းကိုလည်း ယူဆောင်သွားတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024