Monday, May 29, 2023
HomeLead Storyဆောမြို့နယ် လောင်းရှည်ရဲစခန်းက ရဲတပ်သား ၁ ဦး ပြည်သူ့ရင်ခွင်ခိုလှုံ

ဆောမြို့နယ် လောင်းရှည်ရဲစခန်းက ရဲတပ်သား ၁ ဦး ပြည်သူ့ရင်ခွင်ခိုလှုံ

မကွေးတိုင်း၊ လောင်းရှည်မြို့ ရဲစခန်းကနေ  ပြည်သူ့ရင်ခွင်ခိုလှုံပြီး CDM ပြုလုပ်တဲ့ ရဲတပ်သား တယောက်ကို အောက်တိုဘာ ၂၁ ရက်နေ့မှာ လွတ်မြောက်နယ်မြေ ပို့ဆောင်ပေးခဲ့တယ်လို့ YDF(ဆော၊ကျောက်ထု) တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

လောင်းရှည်မြို့ ရဲစခန်းက ကိုယ်ပိုင်အမှတ် လ/၂၅၈၃၈၇ ရဲတပ်သားကျော်သီဟဟာ YDF (ဆော၊ကျောက်ထု) ကနေတဆင့် အောက်တိုဘာ ၁၆ ရက် မနက် ၂ နာရီက CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတာလို့ ဆိုပါတယ်။

YDF(ဆော၊ကျောက်ထု)ကနေတဆင့် နောက်နောင်မှာလည်း စစ်လက်နက်ပစ္စည်း အပြည့်အစုံနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ CDM စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ထိုက်တန်တဲ့ ဆုကြေးငွေ ပေးအပ်ပြီးတော့ လွတ်မြောက်နယ်မြေ (သို့မဟုတ်) ပြည်ပနိုင်ငံကို ပို့ဆောင်ပေးမယ် လို့ ကမ်းလှမ်းထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်  အာဏာဖီဆန် CDM ပြုလုပ်ပြီး ပြည်သူနဲ့ ပူးပေါင်းလာတဲ့ စစ်သားနဲ့ ရဲ စုစုပေါင်း ထောင်နဲ့ ချီရှိနေပြီဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular