မကွေးတိုင်း ဆောမြို့နယ်၊ တောမရွာမှာ သြဂုတ် ၂၀ ရက်ညက အမျိုးသမား တစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တောမရွာနေ ဒလန်ပျူစောထီးဆိုသူ အောင်ဆန်းဝင်းကို မနေ့က ည ၈နာရီ ကျော်လောက်က အမည်မသိ လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က ခြံအပြင်ကနေ သေနတ်နဲ့ ပစ်ခတ်သွားတာကြောင့် ကျည်ထိမှန် သေဆုံးခဲ့တာလို့ တောမရွာခံတစ်ယောက်က ပြောပါတယ်။
အသတ်ခံရတဲ့ အောင်ဆန်းဝင်းဟာ ပျူစောထီးသင်တန်းတက်နေတဲ့သူ တစ်ယောက်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီကို မမှန်သတင်းပေးကာ ပြည်သူတွေကို ဒုက္ခအမျိုးမျိုးပေးနေတဲ့သူ တစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလက်နက်ကိုင်အဖွဲ့ဟာ ဆောမြို့နယ်မှာ ဒလန်ရှင်းလင်းရေးစပြီဟေ့လို့ အော်ဟစ် ကြွေးကြော်သွားတယ်လို့ သိရပြီး သြဂုတ် ၁၈ ရက် ညကလည်း ကျောက်စစ်ကျေးရွာနေ ဒလန်ပျူစောထီး အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီးတစ်ယောက် ခေါင်းဖြတ် အသတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။