မကွေးမြို့၌ ကိုဗစ်လူနာများနှင့် အနံ့ပျောက်လူနာများအတွက် ကြက်သားဆန်ပြုတ်လှူဒါန်း

မကွေးမြို့မှာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့  အနံ့ပျောက်သံသယလူနာတွေအတွက် မျှဝေခြင်းအစီအစဉ်အဖြစ်  ကြက်သားဆန်ပြုတ်တွေ အိမ်တိုင်ရာရောက် လှူဒါန်းပေးနေပါတယ်။

ကိုဗစ်ကပ်ရောဂါကာလအတွင်းမှာ မကွေးမြို့ပေါ်က ပိုးတွေ့လူနာတွေနဲ့ သံသယလူနာတွေ ရှိတဲ့ နေအိမ်တွေကိုသွားရောက်ပြီး လူနာတွေ အာဟာရဖြစ်စေဖို့အတွက် နေ့စဥ်နေ့တိုင်း ကြက်သားဆန်ပြုတ်တွေလှူဒါန်းပေးနေတယ်လို့ မျှဝေခြင်းအစီစဥ်ရဲ့ ဦးဆောင်သူက ပြောပါတယ်။

ဒါအပြင်မျှဝေခြင်းအဖွဲ့အနေနဲ့ အလှူရှင်တွေနဲ့ချိတ်ဆက်ပြီးတော့ နေအိမ်တွေကို ပိုးသတ်ဆေးလိုက်ဖျန်းတဲ့အဖွဲ့တွေအတွက် နေ့လည်စာထမင်းကိုပါလှူဒါန်းပေးနေပြီးတော့ အောက်ဆီဂျင်အိုးနဲ့ အောက်စီဂျင် လိုအပ်နေသူတွေက်အတွက် ချိတ်ဆက်ပြီတော့ အကူညီပေးနေတယ်လို့ဆိုပါတယ်။

လက်ရှိ အခက်အခဲကတော့ စစ်ကောင်စီက မနက် ၁၀ နာရီနောက်ပိုင်း အပြင်မထွက်ရဘူးလို့ ကန့်သတ်လိုက်တာကြောင့် ပရဟိတ လူနာတင်ယာဥ်မဟုတ်ဘဲနဲ့ တခြားကားတွေနဲ့ သွားလာမယ်ဆိုရင်စစ်ဆေးခံရပြီး ပြည်သူ့အစိုးရ လက်ထက်မှာဆိုရင် ဘာအစစ်ဆေးမှမရှိဘဲ ပြည်သူကို ထိထိရောက်ရောက်ကူညီပေးနိုင်ခဲ့တယ်လို့ပြောပါတယ်။

ဒါ့အပြင် အောက်ဆီဂျင်စီဂျင်စက်ရုံတွေကို စစ်ကောင်စီက ခွဲတန်းတွေနဲ့ ဝေခြမ်းလိုက်တာကြောင့် အောက်ဆီဂျင်လိုအပ်နေတဲ့ ပြည်သူတွေ အခက်အခဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up