Monday, May 29, 2023
HomeCOVID19မကွေးမြို့တွင် ကိုဗစ်- ၁၉ အတည်ပြုလူနာ ၄၂ ဦး ထပ်မံတွေ့ရှိ

မကွေးမြို့တွင် ကိုဗစ်- ၁၉ အတည်ပြုလူနာ ၄၂ ဦး ထပ်မံတွေ့ရှိ

မကွေးမြို့မှာ ဇူလိုင်လ ၆ ရက်နေ့က စစ်ကောင်စီရဲ့ ဝန်ထမ်းနဲ့ မိသားစုဝင် ၆ ယောက်အပါဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၂ ယောက် တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

မကွေးမြို့ သီတဂူ မျက်စိကုဆေးရုံ ကိုဗစ်စစ်ဆေးရေးစင်တာမှာ သံသယရှိသူ အယောက် ၁၂၀ ကို စစ်ဆေးရာမှာ ဆက်သွယ်ရေးဝန်ထမ်း ၁ ယောက်၊ အား/ကာ ဝန်ထမ်းတစ်ယောက်၊ လျှပ်စစ်ဝန်ထမ်း ၁ ယောက်နဲ့ ရဲဝန်ထမ်းမိသားစာဝင် ၃ ယောက်အပြင် တမြို့လုံးနီပါး ရပ်ကွက်အစုံက ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၂ ယောက်တွေ့ရှိခဲ့တယ်လို့ ပရဟိတအဖွဲ့ဝင်တစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။

ပိုးတွေ့လူနာတွေကိုတော့ ပရဟိတလူနာတင်ယာဥ်တွေနဲ့ မကွေးတိုင်းပြည်သူ့ဆေးရုံ ၅ ထပ်ဆောင်ကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီပိုးတွေ့တဲ့နေရာတွေကို ပရဟိတအဖွဲ့တွေက ပိုးသတ်ဆေးဖြန်းတာတွေ လုပ်ဆောင်နေပြီး တိုင်းအတွင်းမှာရှိတဲ့ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေကိုတော့ စစ်ကောင်စီက ပါဆယ်စနစ်နဲ့သာရောင်းချဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ဆေးရုံမှာ ကိုဗစ်လူနာတွေဟာ သောက်ရမယ့်ဆေးတွေကို ပြည်သူ့အစိုးရလက်ထက်ကလို အလကားမပေးတော့ဘဲ ဝယ်သောက်နေရပြီး ထမင်းအလှူရှင်တွေလည်း မရှိတာကြောင့် မိမိနေအိမ်ကနေ ပို့ပေးနေရတယ်လို့ သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular