မြန်မာဘောလုံးအသင်းများကို အော်ရီဒူး စပွန်ဆာပေးမည်

2.1K
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှာ အော်ပရေတာလုပ်ငန်း လုပ်ကိုင်ခွင့် တင်ဒါ အောင်ထားတဲ့ ကာတာအခြေစိုက် အော်ရီဒူး ဆက်သွယ်ရေးကုမ္ပဏီဟာ အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) ၀င်ပြိုင်မယ့် မြန်မာဘောလုံးအသင်းတွေရဲ့ ကုန်ကျစရိတ်တွေကို စပွန်ဆာပေး ထောက်ပံ့မယ်လို့ ထုတ်ပြန်ကြေညာပါတယ်။
အဲဒီ အသင်းတွေထဲမှာ အမျိုးသား လက်ရွေးစင် ဘောလုံးအသင်း၊ အမျိုးသမီး လက်ရွေးစင် ဘောလုံးအသင်း၊ အမျိုးသား ဖူဆယ် ဘောလုံးအသင်းနဲ့ အမျိုးသမီး ဖူဆယ် ဘောလုံးအသင်းတွေ ပါဝင်ပါတယ်။
မကြာခင် ကျင်းပတော့မယ့် ၂၇ ကြိမ်မြောက် ဆီးဂိမ်း အားကစားပြိုင်ပွဲတွေကို စစ်တပ် ဦးပိုင် မြန်မာဘရူဝါရီ ကုမ္ပဏီ၊ ကမ္ဘောဇအုပ်စု၊ ပန်နာဆိုးနစ်၊ဆမ်ဆောင်း၊ ကင်နွန်နဲ့ ဂျပန် Fuji xerox ကုမ္ပဏီတွေက စပွန်ဆာပေး ထောက်ပံ့ထားကြပါတယ်။
