DVB Logo
Home
မြန်မာသတင်း
လပွတ္တာတွင် လေပြင်းတိုက်ခတ်ပြီး အနည်းဆုံး စက်လှေ ၆ စီး နစ်မြုပ်
DVB
·
May 6, 2021
လပွတ္တာတွင် လေပြင်းတိုက်ခတ်ပြီး  အနည်းဆုံး စက်လှေ ၆ စီး နစ်မြုပ်
1 / 5
Donate to DVB

 ဧရာဝတီတိုင်း၊ လပွတ္တာမြို့မှာ မေလ ၆ ရက် မွန်းလွဲပိုင်းက လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ကမ်းနားမှာရပ်ထားတဲ့ စက်လှေ အနည်းဆုံး ၆ စီးထက်မနည်းနစ်မြုပ်ခဲ့ပါတယ်။

"ကျနော်တို့ မျက်စိရှေ့မှာတင် မြုပ်သွားတာ လေး၊ ငါးစီးလောက်ရှိတယ်၊ လောလောဆယ်တော့ မီးသတ်က လိုက်ပြီးကယ်ဆယ်ရေးတွေလုပ်ပေးနေပါတယ်''လို့ ဒေသခံတွေကပြော ပါတယ်။

လေပြင်းတိုက်ခတ်မှုကြောင့် စက်လှေတွေနစ်မြုပ်တာနဲ့ပတ်သက်ပြီး လပွတ္တာခရိုင်မီးသတ်တပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေဆိုခြင်းမရှိလို့ စက်လှေနစ်မြုပ်မှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှု စာရင်းကိုတော့ အတိအကျမသိရသေးပါဘူး။

ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းမှာ ဒီနေ့မွန်းလွဲပိုင်း လေပြင်း တိုက်ခတ်တာတွေရှိခဲ့ပြီး ထိခိုက်ပျက်စီးတာတွေလည်း ရှိနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013