ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီး အကြံပြုချက် တောင်းခံမှု ပြောင်းလဲပြင်ဆင်
DVB
·
November 8, 2013
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး အကြံပြုချက်တောင်းခံတာကို ပြောင်းလဲပြင်ဆင် သတ်မှတ်လိုက်ကြောင်း ဖွဲ့စည်းအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီက သတင်းထုတ်ပြန်လိုက်ပါတယ်။
ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေကနေ ထုတ်ပြန်လိုက်တာဖြစ်ပြီး ပြည်သူတွေရဲ့ လိုလားချက်အရနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာသုံးသပ်ပြီး ပြည့်စုံတဲ့ အကြံပြုချက်တွေ ပေးပို့နိုင်ဖို့ ၁/၂၀၁၃ နဲ့ ထုတ်ပြန်ခဲ့တဲ့ နိုဝင်ဘာ ၁၅ မတိုင်မီ ပေးပို့ဖို့ သတ်မှတ်ချက်အစား ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ ပေးပို့ဖို့ ပြင်ဆင်သတ်မှတ်လိုက်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။