Home
မြန်မာသတင်း
တောင်တွင်းကြီးမြို့၌ စစ်သင်တန်းသား ၃ ဦးထွက်ပြေး၊ ၁ ဦး မြွေကိုက် သေဆုံး
DVB
·
April 28, 2021
14330109_327090877639782_6994875036062556401_n

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ အမှတ် ၇ စစ်အခြေခံလေ့ကျင့်ရေးတပ်က စစ်သင်တန်းသား ၃ ယောက် ထွက်ပြေးသွားခဲ့ရာမှာ  တယောက်ကတော့ မြွေကိုက် သေဆုံးခဲ့ပါတယ်။

ဧပြီ ၂၅ ရက် ညပိုင်းမှာ စစ်သင်တန်းတက်နေတဲ့ ရဲဘော် ၃ ယောက် တောလမ်းကနေ ထွက်ပြေးခဲ့ကြတာဖြစ်ပြီး ၁ ယောက်ကတော့ မြွေကိုက်ခံရလို့ ပြန်ဖမ်းမိခဲ့ပါတယ်။

ကျန် ၂ ယောက်ကတော့ လွတ်မြောက်သွားပြီး မြွေကိုက်ခံရသူကတော့ နောက်တရက်မှာမှ မကွေးစစ်ဆေးရုံကိုပို့ဆောင်ခဲ့လို့ သေဆုံးသွားခဲ့​တယ်လို့ စစ်တပ်နဲ့ နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ထွက်ပြေးလွတ်မြောက်သွားသူ ၂ ယောက်ကို ဖမ်းမိနိုင်ရေးအကြောင်းပြပြီး စစ်သားတွေဟာ တောင်တွင်းကြီးမြို့ အဝင်ဂိတ်တွေမှာ မော်တော်ယာဉ်တွေကို ရပ်တန့်စစ်ဆေးနေသလို ငွေကြေးတောင်းခံနေတာကြောင့် ပေးခဲ့ရတယ်လို့လည်း တောင်တွင်းကြီးမြို့​နေ ယာဉ်​မောင်းတယောက်က ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024