ဆီးဂိမ်းပြိုင်ပွဲ လုပ်မည့်နေရာများတွင် ၀ိုင်ဖိုင် ထုတ်လွှင့်ပေးမည်
DVB
·
November 4, 2013
နိုဝင်ဘာ ဒုတိယပတ်အတွင်း အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) ကျင်းပမယ့် နေရာတွေမှာ ၀ိုင်ဖိုင် အခမဲ့ထုတ်လွှင့်ပေးသွားတော့မယ်လို့ Red Link ကုမ္ပဏီ တာဝန်ရှိသူတွေက သတင်းမီဒီယာတွေကို ပြောဆိုပါတယ်။
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ တရားဝင် ၀က်ဘ်ဆိုက် မိတ်ဆက်ပွဲ အခမ်းအနားမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
အားကစားကွင်းတွေရဲ့ အဓိက ပွဲကြည့်ပရိသတ် ရှိတဲ့နေရာ၊ သတင်းမီဒီယာသမားတွေရဲ့ နေရာ၊ သက်ဆိုင်ရာ နိုင်ငံတွေအလိုက် အားကစားသမားနဲ့ အုပ်ချုပ်သူနည်းပြတွေ ရှိတဲ့ နေရာတွေမှာ အဓိကထား ပေးသွားမယ်လို့ Red Link ကုမ္ပဏီရဲ့ လက်ထောက် အထွေထွေ မန်နေဂျာ ဦးမျိုးမင်းညွန့်က ရှင်းပြပါတယ်။
ခုလို ၀န်ဆောင်မှုပေးနိုင်ဖို့အတွက် ဆက်သွယ်ရေးဝန်ကြီးဌာနက Main ကွန်ရက်ပေးပြီး အားကစားဝန်ကြီးဌာနက ခွင့်ပြုချက် ချပေးခဲ့တာ ဖြစ်ပါတယ်။