ကျောက်ဖြူနှင့်အမ်း လယ်သမားများကို ကျပ်သိန်း ၁ ထောင်ကျော် လျော်ကြေးပေးမည်
DVB
·
November 4, 2013
နိုဝင်ဘာလအတွင်း ကျောက်ဖြူ - ကူမင်း ဂက်စ်ပိုက်လိုင်း ဖောက်ရာမှာ လယ်မြေတွေ ပျက်စီးသွားတဲ့ ကျောက်ဖြူနဲ့ အမ်းက တောင်သူ ၅၀၀ ကျော်ရဲ့ လယ်မြေဧက ၂၀၀ ကျော်အတွက် လျော်ကြေးငွေ ကျပ် သိန်း ၁ ထောင်ကျော် ပေးချေမယ်လို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးမြင့်ဇော်က နိုဝင်ဘာ ၁ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောပါတယ်။
နိုဝင်ဘာ ၉ ရက်နဲ့ ၁၀ ရက်မှာ ကျောက်ဖြူက တောင်သူ ၃၀၂ ယောက်ရဲ့ လယ် ၁၄၅ ဧက အတွက် ကျပ် သိန်း ၆၄၀ နီးပါး၊ နိုဝင်ဘာလမကုန်ခင် အမ်းမြို့နယ်က တောင်သူ ၂၀၉ ယောက်ရဲ့ လယ် ၆၁ ဧက အတွက် ကျပ်သိန်း ၃၇၀ ကျော် ပေးသွားမယ်လို့ ပြောပါတယ်။
ဒါ့အပြင် ပိုက်လိုင်းကြောင့် လယ်ပျက်စီးသွားပါတယ်ဆိုပြီး တင်ပြလာတဲ့ တောင်သူ ၂၆၇
ယောက်ရဲ့ ယာမြေ ၁၀၃ ဧကအတွက် နောက်ထပ် ကျပ်ငွေ သိန်း ၁၀၀၀ ကျော် စိစစ်ပေး သွားဦးမယ်လို့ သူက ရှင်းပြပါတယ်။
အခုပေးမယ့် လယ်တွေအတွက် လျော်ကြေးဟာ ၁ ဧက ကျပ် ၅ သိန်း ၀န်းကျင်ရှိကြောင်း သိရပါတယ်။