အင်းလေး ဟိုတယ်ဇုန် တင်ဒါ ခေါ်
DVB
·
October 30, 2013
မြေပိုင်ရှင် တချို့ကို တရားစွဲထားလို့ တရားရုံးမှာ အမှု ရင်ဆိုင်နေရသည့်တိုင် အင်းလေး ဟိုတယ်ဇုန်မှာ ဟိုတယ်တွေ တည်ဆောက်ဖို့ တင်ဒါ ခေါ်ယူထားပြီး ဖြစ်တယ်လို့ အင်းတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဝင်းမြင့်က အတည်ပြုပြောဆိုပါတယ်။
ဟိုတယ်ဇုန်ကို အေ၊ ဘီနဲ့ စီ ဆိုပြီး အပိုင်း ၃ ပိုင်းခွဲ တည်ဆောက်မှာ ဖြစ်တဲ့အတွက် အပိုင်းအလိုက် ဘီအိုတီ ခေါ် ဆောက်၊ လည်၊ လွှဲစနစ်နဲ့ အကောင်အထည်ဖော်ဖို့ တင်ဒါ ခေါ်ထားတယ်လို့ သိရပါတယ်။
အပိုင်း အေ မှာ ပြည်တွင်းခရီးသွားတွေ ဈေးနှုန်း သင့်တင့်စွာနဲ့ တည်းခိုနိုင်မယ့် ဟိုတယ် အမျိုးအစားတွေ ဆောက်ရမှာ ဖြစ်ပြီး အပိုင်း စီ မှာတော့ နိုင်ငံတကာအဆင့် ဟိုတယ် ဆောက်ရမှာ ဖြစ်ပါတယ်။ အပိုင်း ဘီ မှာတော့ လုပ်ငန်းရှင်တွေ စိတ်တိုင်းကျ ဟိုတယ်ပုံစံ ဆောက်နိုင်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအတွင်း ခရီးသွားဧည့်သည်တွေ ၁ နှစ်ထက် ၁ နှစ် တိုးတက် ၀င်ရောက် လာနေလို့ ဟိုတယ်တွေ အဆက်မပြတ် ဆောက်လုပ်နေရာမှာ အင်းလေးဒေသလည်း တခု အပါအ၀င် ဖြစ်ပါတယ်။