လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကို ပါတီတည်ထောင် ခွင့်ပြု
DVB
·
October 30, 2013
လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ရဲ့ နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၉ ရက်နေ့မှာ ပါတီ တည်ထောင်ခွင့်ပြုလိုက်ကြောင်း နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
ဦးလာမာလေးအပါအ၀င် အဖွဲ့အ၀င် ၁၇ ဦးတို့ရဲ့ ပါတီတည်ထောင်ခွင့် လျှောက်ထားချက်ဟာ ဥပဒေ၊ နည်းဥပဒေများနဲ့ ညီညွတ်ကြောင်း တွေ့ရှိရတဲ့အတွက် ရွေးကောက်ပွဲကော်မရှင်က ပါတီ တည်ထောင် ခွင့်ပြုလိုက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။