စစ်တပ်နှင့်ရဲက ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၆၀ ခန့်ရှိလာ
DVB
·
March 6, 2021
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်နဲ့ရဲတွေက သတ်ဖြတ်လို့ သေဆုံးသွားသူပေါင်း ၆၀ လောက်ရှိလာပါတယ်။
Heroes of Myanmar ဆိုတဲ့ ဝက်ဘ်ဆိုက်က စုစည်းထားတာဖြစ်ပြီး သေနတ်နဲ့ ပစ်တာအပါအဝင် ကားနဲ့တိုက်တာ စတဲ့ ပုံစံမျိုးစုံနဲ့ သတ်ဖြတ်ခဲ့တာပါ။
အာဏာသိမ်းပြီး ၂ ပတ်အကြာ ဖေဖော်ဝါရီ ၁၅ ရက်ကစလို့ ပြည်သူတွေကို သတ်ဖြတ်နေခဲ့တာဖြစ်ပြီး မတ် ၅ ရက်အထိ လူပေါင်း ၅၆ ယောက်ရှိပါတယ်။
တချို့ သေဆုံးမှုတွေအတွက်ကတော့ သေဆုံးသူ အတိအကျကို မသိရသေးတာကြောင့် ဒါထက်လည်း များနိုင်ပါသေးတယ်